20 June, 2013

ကမ္ဘာ့ အရှည်ဆုံးနှင့်အကျယ်ပြန့်ဆုံး ပင်လယ်ဖြတ်ကူး သံမဏိ ကြိုးတံတားကြီး တစ်စင်း တရုတ်နိုင်ငံတွင် ဖွင့်လှစ်

ကျာရှင်း-ရှောင်ရှင်း အမည်ရှိ ကမ္ဘာ့အရှည်ဆုံးနှင့် အကျယ်ပြန့်ဆုံး ပင်လယ် ဖြတ်ကူး သံမဏိကြိုး တံတားကြီး တစ်စင်းကို တရုတ်နိုင်ငံတွင် ဇွန် ၁၇ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးတံတားမှာ ၆ ဒသမ ၂ မိုင် (၁ဝ ကီလိုမီတာ) အရှည်ရှိပြီး ၇၄၅ ပေ မြင့်သော တာဝါတိုင်နှစ်ခုဖြင့် ထိန်းချုပ်ကာ ဟန်ကျို့ ပင်လယ်အော်ကို ဖြတ်၍ တည်ဆောက် ထားကြောင်း

သိရသည်။ ထို့ပြင် ကြိုးတံတားကြီးကို ခုနစ်နှစ်ကြာ အချိန် ယူ၍ တည်ဆောက်ခဲ့ရပြီး တံတားပေါ်ရှိ ခြောက် လမ်းသွား လမ်းမကြီးပေါ်တွင် ယာဉ်များ သွားလာရန် အတွက် အဆိုပါ လမ်းမကြီးကို မေ ၂၈ ရက်က ဖွင့်လှစ်ခဲ့ သည်။

အဆိုပါ တံတားပေါ်တွင် တစ်နာရီလျှင် မိုင် ၆ဝ အထက် မောင်းနှင်နိုင်သည့် ယာဉ်များ ကိုသာ ဖြတ်သန်းသွားလာခွင့် ပြုထားပြီး တစ်နာရီ ၄၅ မိုင်အောက် နှုန်းဖြင့် သွားလာနိုင်သည့် မော်တော် ဆိုင်ကယ်များ၊ ကားများနှင့် ခြေကျင်သွား လာသူများကို ဖြတ်သန်း သွားလာခွင့်မပြု ကြောင်းသိရသည်။

အဆိုပါ တံတားကို ရှာမင်မြို့ ဟိုင်ချန်ခရိုင်ရှိ မာချင်လမ်းမ ကြီးအရှေ့ပိုင်းမှ ကျန်ကျို့ပြည် နယ် ဟော့ကျိုင်မြို့ အထိ ဖောက်လုပ်ထားကြောင်း သိရသည်။

မြဝတီ