07 June, 2013

ရခိုင်ပြည်နယ်ပဋိပကနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေးကို အဓိကပြောလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သတ်၍ တရားဥပဒေစိုးမိုးရေးကိုအဓိကပြောလိုကြောင်း နိုင်ငံရေးလုပ်ကြံမူဟု ခန့်မှန်းနေကြသူများရှိသော်လည်း ပြဿနာသည်ခန့်မှန်းရုံနှင့်မလုံလောက်ကြောင်း တိကျသည့်သက်သေများရှိရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်MICC၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ရခိုင်ပဋိပက္ခနှင့်ပတ်သတ်၍့ ပြည်ပသတင်းဌာနတစ်ခု၏ မေးမြန်းမူကို ၄င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။" ကျွန်မကဘယ်ဘက်ကိုမှအပြစ်မတင်ဘူးဆိုတာ ကျွန်မကတစ်ဖက် ကိုပြောရင် အစွန်းရောက်သူတွေကပိုဆိုးလာမှာစိုးလို့ပါ။ တစ်ဖက်ဖက်ကပြောတာမှားတယ်၊ မမျှတဘူးလို့ ကျွန်မပြောရင် အုပ်ချူပ်ရတာပိုဆိုးသွားမယ်။ ကျွန်မအနေနဲ့လက်တွေ့လုပ်ဆောင်ချက်ကိုပဲ ဦးတည်ပြီးပြောချင်တယ်။ တရားဥပဒေစိုးမိုးရေးကို အဓိကပြောရမှာ။ ရာဇဝတ်မူကျူးလွန်သူအားလုံး ဥပဒေအရ အရေးယူရမယ်။ ဘယ်သူဘယ်ဝါလက်ညျိုးထိုးမနေသင့်ဘူး ။ တစ်ဖက်ကိုထိုးရင် ပိုဆိုးမှာမို့ဘက်မလိုက်တာပါ " ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့သည်။
မေဇင်ဝင်း

Popular Myanmar News Journal