ရွှေဘိုမြို့နယ်၊
ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ်(၂) ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေနှုံးတိုး
ပင်မ စေတီတော် မြတ်ကြီးအား ပြန်လည် ပြုပြင်ရန် ရွှေနှုံးတိုး ကျောင်းတိုက်
ဆရာတော်ဘဒ္ဒန္တ စန်္ဒိမာ ဦးဆောင်၍ ဂေါပက အဖွဲ့ဝင်များ၊ အလုပ်သမား များဖြင့်
ဇွန် ၈ ရက် နံနက် ပိုင်းတွင် စေတီတော် ကြီး၏ မြောက်ဘက်မှ စ၍
မြေအောက်လိုဏ်ကျင်း တူးဖော်စဉ် အလျား ၃ ပေ၊ အနံ ၃ ပေ၊ အမြင့် ၂ ပေရှိ အရန်
ဌာပနာတိုက် အတွင်းမှ သံဖြင့် သွန်းလောင်းကာ ကြေးရည် လောင်းထားသည့်
ဉာဏ်တော် ၃ လက်မခန့်ရှိ ဆင်းတုတော် ၆၅ ဆူအား တူးဖော် တွေ့ရှိ ရသဖြင့်
မူလအတိုင်း ဌာပနာသွင်း ပိတ်သိမ်းခဲ့ရာ ညနေ ၆ နာရီတွင် ပြီးစီးခဲ့ကြောင်း
သတင်း ရရှိသည်။
မြ၀တီ
