26 June, 2013

ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၁၁၄/၃) အနီးရှိ တံတား အမှတ်(၁၁၅) သင်္ဃန်းချောင်းတံတားတွင် ရန်ကုန်မှ ကျောက်ကြီးသို့ မောင်းနှင်လာသော ယာဉ်အမှတ် ၅ခ/----- ယာဉ်မောင်း စုံစမ်းဆဲ ခရီးသည်တင် မှန်လုံယာဉ်နှင့် မြင်းခြံမှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဖိုးသက်(ခ) ကျော်သက်ဆွေ ၃ဝ နှစ် မောင်းနှင်လာသော ၁၈ ဘီး ကုန်တင်ယာဉ် တို့သည်
ယမန်နေ့ ညနေ ၃ နာရီက မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ခရီးသည်တင် မှန်လုံယာဉ်မှ ခရီးသည် အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ခြောက်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တံခါး ရဲစခန်းမှ ဥပဒေနှင့် အညီ ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ