02 June, 2013

အမေရိကန်နိုင်ငံ ဟျူစတန်မြို့တွင် မီးလောင်မှုဖြစ်ပွား မီးသတ်သမား လေးဦး သေဆုံး ငါးဦး ဒဏ်ရာရ

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ အနောက်တောင်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် မေ ၃၁ ရက်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး မီးသတ်သမား လေးဦး သေဆုံး၍ အခြား လူငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှုသည် မြို့အနောက်တောင်ပိုင်းရှိ ဟိုတယ်၏ စားသောက်ဆိုင်နှင့် ကလပ်မှ စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး နောက်ပိုင်း၌ အခြား အဆောက်အအုံများသို့ ကူးစက်ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကို ၂ နာရီအ ကြာတွင် ငြှိမ်းသတ်နိုင် ခဲ့ပြီး မီးလောင်မှုကြောင့် ပျောက် ဆုံးနေသူများကို ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရသည်။

မီးသတ်သမား သုံးဦးသည် အခင်းဖြစ်ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး အခြားတစ်ဦးမှာဆေးရုံတွင် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းရှိ စုံစမ်းစစ်ဆေးရေးရုံးက ထုတ်ပြန်ခဲ့သည်။

မြ၀တီ