20 June, 2013

ဘရာဇီးက ဆန္ဒပြပွဲတွေအတွက် ကျွန်တော် ၀မ်းနည်းပါတယ်---နေမာ

ဘရာဇီးတိုက်စစ်မှူး နေမာက မိမိတို့နိုင်ငံတွင်ဖြစ်ပွားနေသော ဆန္ဒပြမှုများကြောင့် ၀မ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ လက်ရှိကျင်းပနေသော တိုက်ကြီးများ ဖလားပြိုင်ပွဲအတွက် အသုံးပြုခဲ့ရသော ကုန်ကျစရိတ်များ၊ ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်မွန်းမံမှု စရိတ်များအတွက် ဘရာဇီးပြည်သူများမှ ဒေါသထွက်လျက်ရှိပြီး
နိုင်ငံအနှံအပြား ဆန္ဒပြပွဲများဖြစ်ပေါ်လျက်ရှိသည်။ထို့ကြောင့် နေမာက “ဘရာဇီးမှာ ဖြစ်နေတဲ့

ကိစ္စတွေအတွက် ကျွန်တော် ၀မ်းနည်းပါတယ်။ ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရမှုတွေ ပိုကောင်းဖို့ ကိစ္စဟာ အစိုးရရဲ့တာဝန်ဖြစ်ပြီး ဒီကိစ္စကို တောင်းဆိုဖို့အတွက် လမ်းပေါ်ထွက် ဆွေးနွေးစရာ မလိုဘူးလို့ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ကျွန်တော့်မိဘတွေဟာ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ရဲ့ဘ၀ ပိုကောင်းရေး အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ဒီနေ့လိုအောင်မြင်မှုမျိုး ရလာတဲ့အတွက် ပရိသတ်တွေကို ကျွန်တော် ကျေးဇူးတင်ပြီး အခုပြောတဲ့စကားက နိုင်ငံရေးသမား တစ်ယောက်လို စည်းရုံးနေတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘရာဇီးနိုင်ငံသား တစ်ယောက်ဖြစ်သလို ကိုယ့်နိုင်ငံကိုယ်လည်း ချစ်ပါတယ်။

ဒါတင်မကဘဲ ကျွန်တော့်မိဘတွေ၊ ကျွန်တော့်သူငယ်ချင်းတွေဟာလည်း ဘရာဇီးမှာ နေကြတာဖြစ်လို့ ဘရာဇီးမှာ လုံခြုံမှုအပြည့်ရှိဖို့၊ ကျန်းမားရေး ၀န်ဆောင်မှု ကောင်းမွန်ဖို့၊ မျှတမှုရှိဖို့၊ ရိုးသားကြဖို့ဆိုတာတွေ လိုချင်တာပဲ ဖြစ်ပါတယ်”ဟု မက္ကဆီကိုနှင့် ပွဲမတိုင်မီ ပြောကြားခဲ့သည်။

ရိုးရာလေး