အေးအေးခိုင်က
ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူး နေတဲ့ “အလုအယက်”
ဇာတ်ကားမှာ ပြေတီဦး၊ အိချောပို၊ ဝိုင်းစုခိုင်သိန်း တို့နဲ့ အတူ ပါဝင်
သရုပ်ဆောင် ခဲ့ပါတယ်။ ဟာသသရုပ်ဆောင်တွေ များလာပေ မယ့်လည်း အမျိုးသား ထက်
အမျိုးသမီး ဟာသသရုပ်ဆောင် တွေ ပိုနည်းလာရတဲ့ အကြောင်းနဲ့ ပတ်သက် ပြီး
အေးအေးခိုင်က..“အစ်မတို့ကျတော့
အရင် ကတည်းက ပျော်ပျော်နေတတ်တဲ့သူ တွေဖြစ် တယ်။ တချို့ကျတော့ အနု
ပညာလောကထဲကို ဘယ်လို Type နဲ့ လာလဲ ဆိုတာ မသိဘူး။ အစ်မတို့ ကျတော့
အနုပညာနဲ့ ပတ်သက်ရင် ကိုယ်ပျော် တာကို
သူများတွေကို လည်း ခံစားစေချင်တယ်။
ကိုယ့် ကြောင့် သူများတွေ ပျော်ရင်လည်း တအား ပီတိဖြစ် တယ်။ အဲဒီလိုမျိုး
ခံယူချက်နဲ့ ကျရာ ဇာတ်ရုပ်မှာ သရုပ် ဆောင်တယ်။ ဟာသကို လုပ်တယ် ဆိုတာ တချို့
ကလည်း လုပ်ချင်မှ လုပ်မယ်။ ဟာသက အလှအပ မရှိ ဘူး။ အစ်မ တို့ ကျတော့ ဟာသ
လုပ်နေရရင် ပျော်ကိုပျော်တယ်။ ကိုယ့်ရဲ့ လုပ်ကွက်က လှလား၊ မလှ လား
ဆိုတာလည်း စိတ်ထဲမှာ မရှိဘူး။ ရုပ်ဆိုးရင် လည်းဆိုး မယ်။ အဲဒါ တွေကို
ဂရုမစိုက်ဘူး။ ကိုယ်လုပ် ပေးတာကို သူများပျော်နေ တယ် ဆိုရင် ကိုယ်က ပီတိနဲ့
ခံယူထားတယ်။ တချို့ကျတော့ ဘယ်လို ခံယူလဲဆို တာကို မသိဘူး။ ကိုယ်တွေ ကတော့
ဟာသလုပ်နေရ ရင် ပျော်နေတာ ပါပဲ” လို့ဆိုပါတယ်။
အေးအေးခိုင်က
ဇာတ်ကားတွေကို ရိုက်ကူး ဖြစ်နေသလိုပဲ အလှူတွေ ကိုလည်း လုပ်ဖြစ် နေ ပါတယ်။
အနုပညာ မောင်နှမ တွေနဲ့ စုပေါင်းပြီး အလှူတွေလုပ်ဖြစ် နေတဲ့ အေးအေးခိုင်က
“အရှင်သော မကျောင်းက မိဘမဲ့ ကိုရင်လေး တွေအတွက် တစ်ပါး ကို နှစ်သောင်း ကျပ်
လှူဖို့ အတွက် အနု ပညာ မောင်နှမတွေကို လိုက်ပြီး အလှူခံဖြစ် တယ်။
အစ်မကတော့ ကိုယ် အလှူခံ လို့ရတဲ့ သူတွေ အားလုံးကို လိုက် ပြီးတော့ အလှူငွေ
ထည့် ဖို့ပြော ပေး တယ်။ နှိုးဆော်တဲ့ သဘောလေး ပေါ့” လို့ အလှူနဲ့ ပတ်သက်ပြီး
ပြောပြပါတယ်။
အေးအေးခိုင်က အပြင်မှာ ပရိ သတ်တွေက သူ့ကိုတွေ့ရင်
စကြ၊ နောက် ကြပြီး သူတို့ကို တွေ့တာနဲ့ ပရိသတ်တွေ က ပျော်ရတယ်လို့ ပြော
ကြတဲ့ အပေါ်မှာလည်း ပီတိဖြစ်ရ ကြောင်း ဆိုပါတယ်။
နေကွန်းထင်
Popular Journal