20 June, 2013

သံဈေးတတိယထပ်ရှိ ဘိလိယက်နှင့်စနူကာဆိုင် ၀ါယာရှော့ဖြစ်မီးလောင်

၂၀.၆.၂၀၁၃ ရက်နေ့၀၅း၂၇အချိန် လသာမြို့နယ်၊(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၊ သံဈေး တတိယထပ်၊
ASIA ဘိလိယက်နှင့်စနူကာဆိုင်၏ အမျိုးသမီးအိပ်ဆောင်
အတွင်းရှိ ပွိုင့် 7064 ၀ါယာကြိုး (၁၁)ချောင်းမှာ အပူရှိန်လွန်ကဲရာမှ ရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့၍
ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ၀၅၃၅အချိန် မီးငြိမ်းသွားခဲ့ပါသည်။
မီးလောင်ရာသို့ တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ရာ ၀ါယာကြိုးများမီးလောင်းကျွမ်းခဲ့သဖြင့်

ဆုံးရှုံးမှုတန်ဖိုး
ကျပ်၅၀၀၀ခန့် ဆုံးရှုံးခဲ့သောကြောင့် လျှပ်စစ်မီးအားပေါ့ဆစွာ
အသုံးပြုသူ ဆိုင်တာဝန်ခံ ကိုမင်းမင်း၊(၃၂)နှစ်၊ (ဘ)ဦးအုန်းလွင်၊ လသာမြို့နယ်နေသူအား လသာမြို့မရဲစခန်း (ပ)၁၄၆/၂၀၁၃၊
ပုဒ်မ၂၈၅ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police