06 June, 2013

ကလေးနှစ်ဦးထက် ပိုမမွေးရ ဒေသန္တရအမိန့် ထုတ်ပြန်ထားမှု လုံးဝမရှိဟုငြင်းဆို

ရခိုင်ပြည်နယ်တွင် ကလေးနှစ်ဦးထက် ပိုမမွေးရဟူသော ဒေသန္တရအမိန့် အစိုးရသစ်လက်ထက်၌ ထုတ်ပြန်ထားခြင်းမရှိခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်က ငြင်းဆိုသည်။ ယနေ့ နံနက် ၉း၃၀ နာရီက ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြုလုပ်သော ပြည်နယ်အစိုးရ၏ သတင်း စာရှင်းလင်းပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ ကျနော် လေ့လာချက်အရ ဒီအစိုးရလက်ထက်မှာ ဒီလိုကလေး (၂)ယောက်ပဲ ယူရမယ်ဆိုတဲ့ အမိန့် လုံးဝမရှိပါဘူး။ ” ဟု ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည့်အတွက် ဇွန် (၄)ရက်နေ့ကလည်း စစ်တွေမြို့တွင် ရဟန်းသံဃာများ၊ လူမှုကွန်ယက်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ ၃၀၀၀ ထောင်ကျော် အဆိုပါ အမိန့်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့်အပြင်၊ မင်းပြားတွင် ဇွန်လ (၅) နေ့က လူ (၂၀၀၀ ) ခန့်နှင့် မြောက်ဦးတွင် လူ(၁၀၀၀) ကျော် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Arakan Times