07 June, 2013

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးအတွက် ဦးလူမင်း အား ရွေးချယ်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးအတွက် ဦးလူမင်း အား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ယနေ့နံနက်ပိုင်း၌ တံခါးပိတ်ဆွေးနွေး သည့် အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ဦးလူမင်းအနေဖြင့် အဆိုပါဥက္ကဌရာထူးအားသက်တမ်း၁၀လကြာတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လာမည့် ဥက္ကဌရာထူးသက်တမ်းအတွက်မူ ပြန်လည်ရွေးကောက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥက္ကဌတာဝန်မှ နှုတ်ထွက်ခဲ့သည့် ဦးဇင်ဝိုင်း အနေဖြင့် ကျန်းမာရေး အခြေအနေအရ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် လာပါက မြန်မာ့ရုပ်ရှင်လောကသား တစ်ဦး အနေဖြင့် ကူညီဆောင်ရွက်မှု များပြုလုပ်ဦးမည် ဖြစ်ပြီး လက်ရှိတွင်လည်း ဥက္ကဌ သစ် အဖြစ် တာဝန်ထမ်းဆောင်မည့် ဦးလူမင်း အတွက်လည်း တာဝန် လွှဲပြောင်း ပေးအပ်မှုများပြုလုပ်သွား ဦးမည်ဖြစ်ကြောင်း သိရသည်။

သုတလင်း
Popular Myanmar News Journal