25 June, 2013

၂၇နှစ်ပြည့် မွေးနေ့မှာ ကုသိုလ်လည်းယူ ကျန်းမာရေးလည်း ဆေးစစ် ခဲ့တဲ့ အေးမြတ်သူ

ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ဖို့အတွက် ဇွန်လ ၇ ရက်နေ့က ဘန်ကောက် ကိုသွားခဲ့တဲ့ အေးမြတ်သူက ဇွန်လ ၁၈ရက်နေ့က ပြန် လည်ရောက်ရှိခဲ့ပါ တယ်။ ဇွန်လ ၈ရက်နေ့က အေးမြတ်သူရဲ့ ၂၇ နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။မွေးနေ့ကို ဘန်ကောက်မှာပဲ ဖြတ် သန်းဖြစ်ခဲ့တဲ့အေးမြတ်သူက “ဆေးစစ် တဲ့ဟာကဇွန်လ ၇ရက်နေ့ လာခဲ့ဖို့ ဆရာဝန်က date ပေးထားတယ်။ ကိုယ့်မွေးနေ့လည်း ရောက် တော့မယ်။ စိတ်လည်း နည်းနည်းပါးပါး လန်းဆန်းသွားအောင်သွား တာ။မမျိုးမျိုးခိုင်တို့က
လည်းသွားဖို့ရှိနေတာနဲ့
အတူတူသွားကြမယ်ဆို ပြီး အကုန်တူတူ သွားကြတာပေါ့။ အဖွဲ့တောင့်တော့ ပိုပျော်ရတယ်။ ခါတိုင်းဆို ဈေးဝယ်တာလောက်ပဲရှိတယ်။ သိပ် မရောက်ဘူး။ ဒီတစ် ခေါက်တော့ အစုံလည်ခဲ့တယ်။ ဘန်ကောက်တို့ အယုဒ္ဓယတို့၊ ပတ္တရားတို့ အကုန်သွားတယ်။နဂိုကတည်းကသွားမယ် လို့စီစဉ် ကတည်းက မွေးနေ့ကျရင် ဘုရားတက်ချင်တယ်။ကိုယ့်မွေးနေ့မှာ ဘုရား တက်ပြီး ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ အေးအေးချမ်း ချမ်းနေပြီး ဘုရားစာရွတ် ချင်တဲ့စိတ်က ရှိနေ တယ်။ အသက်လည်း ၂၇နှစ် ပြည့်ပြီဆိုတော့ မြဘုရား လည်းဖူးမယ်။ ဘန်ေ ကာက်မြို့မှာ ရှိ တဲ့ဘုရားတွေဖူးမယ်ဆိုပြီး အဲဒီနေ့ က ဘုရား တွေပဲ လိုက်ဖူးခဲ့တယ်” လို့ ပြောပါတယ်။

နှစ် တိုင်း မွေးနေ့တွေ တုန်းက မသိမသာေ ကျာ် သွားဖြစ်ပေမယ့် ဒီနှစ်မွေးနေ့မှာ အပေါင်း အသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားရတာကတော့အမှတ်တရ ပဲပါပဲလို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal