25 June, 2013

တံတောင်ဆစ်မဲမဲလေးတွေ ဖြူသွားအောင်

- သံပုရာသီးတစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့်ပွတ်ပါ။
၃-၄နာရီလောက်ထားပေးပါ။ ထို့နောက်အ၀တ်ကြမ်းဖြင့် ပွတ်သပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်ပြုလုပ်ပေးပါ။
- နို့ချဉ် နှစ်ဇွန်း နှင့် ရှာလကာရည်နှစ်အား သမအောင်မွှေပြီး တံတောင်ဆစ်ပေါ်တွင်လိမ်းပေးပါ။ ထို့နောက်အ၀တ်တစ်ခုဖြင့် ထုတ်ထားပေးပါ။ ၂၀-၃၀ မိနစ်ခန့်ထားပေးပါ။ပြီးလျှင် ရေနွေးနွေးဖြင့် ဆေးပေးပါ။

- သံပုရာလေးဇွန်း နှင့် နနွင်းနှစ်ဇွန်းခန့်ရောမွှေပါ။ ပြီးလျှင် တံတောင်ဆစ်ပေါ် မိနစ် ၃၀ခန့်ထားပေးပါ။ ရေနွေးနွေးဖြင့် ဆေးပေးပါ။

တစ်နေ့လျှင် ရေ၈-၁၀ခွက်သောက်ပေးပါ။ ရေသည်အသားအရေအားဆိုပြေစေသည်

အလှအပရေးရာ