25 June, 2013

"မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ စကားဝိုင်းပြုလုပ် "

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာနယ်ပယ်အသီးသီး မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်မို့မို့မြင့်အောင်၊ သဘင် မင်းသမီး နန်းခင်မွှေး၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ အဆိုတော်ဖြူဖြူကျော် သိန်းတို့က ယနေ့ Shwe FM နဲ့ MI ရုပ်သံလိုင်းအတွက် ဇွန်လ ၂၅ရက် နေ့ မနက်ပိုင်းတွင် စကားဝိုင်းပြု လုပ်ကာဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဒီ စကားဝိုင်းမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများနှင့် ပတ်သက် ပြီး ဒါရိုက်တာကြည်ဖြူသျှင်က "အနုပညာလောကအသီးသီးမှာ ကိုယ့် ကဏ္ဍမှာ
ကိုယ်ဘယ်လိုကြိုးစားခဲ့လဲ ဆိုတာကို ပြောဖြစ်ကြတယ်။ အမျိုး သမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစောင့်ရှောက်မှုတွေ လုပ် သင့်လဲ။ ဒီခေတ်အမျိုးသမီးတွေဆို ရင် အဝတ်အစားနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့တွေကို ကိုယ့်အမြင်နဲ့ကို ပြောကြပါတယ်။ ဒီစကားဝိုင်းက တကယ်ထူးခြားပါတယ်။ ဒီ ၄ယောက်က ထူးထူးခြားခြားဆုံရတဲ့ သူတွေပါ။

ကိုယ်မသိတဲ့ဘဝတွေ စကားလုံးတွေပါရတယ်။ ဘယ်နေရာ မဆို၊ မိန်းကလေးမို့လို မလုပ်နိုင်ဘူး ဆိုတဲ့ စိတ်မထားတဲ့ မိန်းမ ၄ယောက် ဖြစ်နေတယ်။ လောကတွေက မတူ ကြဘူး။

ဖြတ်သန်းရတဲ့ ဘဝတွေက မတူကြဘူး။ ဒါပေမဲ့ ခံယူချက်တွေက တအားတူကြတယ်။ ဦးတည်ချက်တူ တာက ဘဝကို မိန်းမတွေအနေနဲ့ စိတ်ဓာတ်မကျ၊ အားမငယ်ဘဲနဲ့ ခေတ်အချိန်နဲ့ ပြောင်းလဲမှုနဲ့အတူ ကြံ့ကြံ့ခိုင်ရင်ဆိုင်သွားဖို့ ကြိုးစားကြ ဖို့ ဇောင်းပေးပြီးပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘူး။ အတွေးအခေါ်မတူဘူး။

ဒါပေမဲ့ မိန်းကလေးဆိုတာ သိမ်ငယ်နေလို့ ပျော့ညံ့နေဖို့မလို ဘူး။ထက်ထက်မြက်မြက်နဲ့ ယောက်ျားတွေနဲ့အတူရင်ဘောင် တန်းပြီး ကြိုးစားရမယ်မဆိုတဲ့ စိတ် တွေအမြင်တွေတူကြတယ်" လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ - နန်းခင်မွှေးဖေ့စ်ဘုတ်ခ်
Popular Journal
See More