20 June, 2013

ဘန်ကောက်ကားပြပွဲ

ပုံကြည့်လိုက်လို့ ဘာလုပ်တဲ့ပွဲကြီးလဲလို့ မေးခွန်းထုတ်နေမယ် ထင်ပါတယ်။ ဟုတ်ကဲ့။ အဲဒါ ကားပြပွဲပါ။ တိတိကျကျ ပြောရရင် Bangkok International Auto Salon ဖြစ်ပြီး လက်ရှိ ကျင်းပနေတဲ့ ပွဲ ဖြစ်ပါတယ်။
ကားအပြင်အဆင်နဲ့ မော်ဒယ်သစ်များပြသတဲ့ပွဲပါ။ သို့ပေမယ့် ပြပွဲအတွက် စွဲဆောင်မှုကိုတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပျိုကညာပုံများနဲ့ ပြည့်နက်နေ ပါတယ်။ ဒါ ဘန်ကောက်ရဲ့  သဘာဝပါ။ ဥရောပနဲ့

အမေရိကမှ ကားပြပွဲ တွေတောင် ဒီလောက် မော်ဒယ် နဲ့ ဖျော်ဖြေရေးအင်အား မသုံးပါဘူး။

တရုတ်ပြည်က ရှန်ဟိုင်းမော်တော်ယာဉ် ပြပွဲလည်း ဖျော်ဖြေရေး ဦးစား ပေးပါတယ်။ သို့ပေမယ့် ဖျော်ဖြေရေး အများဆုံး ပါတဲ့ ပွဲကတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံ - ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့ မှာ ကျင်းပ နေတာ ဖြစ်ပါတယ်။

ကားပြပွဲအတွက် ကိုရီးယားနဲ့ အခြား အာရှနဲ့ ဥရောပက နာမည်ကြီး မော်ဒယ်များကိုတောင် ခေါ်ပါတယ်။ မော်ဒယ်ရှိုး အမျိုးမျိုးကိုလည်း ခေါင်းစဉ်ခွဲ လုပ်ပေးပါတယ်။ ဒီတော့ ကားပြပွဲ လာသူများ က ကားထက် အခြားကြည့်စရာဘက်ကို အာရုံပိုစိုက်ကြပါတယ်။ သူတို့ ရည်ရွယ်ချက်ကလည်း ကားကို တစ်ချက်လှည့်ကြည့်ရုံနဲ့တင် ကျေနပ်မယ့် သဘောပါ။ ဘန်ကောက်မှ Auto Saloon ကျင်းပတိုင်း လူစည်တဲ့ အကြောင်း က ပျိုကညာများနဲ့ ဆွဲဆောင်လို့ ဖြစ်ကြောင်း သိရပါတယ်။

ကားပြပွဲက မော်ဒယ်ရှိုး ဗီဒီယိုအပိုင်းလေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
.
http://youtu.be/HoWvThtSmYE

Colay:Automobile