လူငယ်ဆန်သော သရုပ်ဆောင်မှုများနဲ့ ဖက်ရှင် စတိုင်များကြောင့် လူငယ်
ပရိသတ်များ ကြိုက်နှစ်သက်ကြတဲ့ သရုပ်ဆောင် ဖွေးဖွေးက အောင်ရဲလင်းနဲ့အတူ
သရုပ်ဆောင်ရမယ့် မိုးပန်းပွင့်ရဲ့ သင်္ကေတ ရုပ်ရှင် ဇာတ်ကားအတွက် ကြိုတင်
ရင်ခုန်နေတယ်လို့ The Voice ကိုပြောပါတယ်။
စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ဝတ္ထုကို ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ အဆိုပါ
ဇာတ်ကားနဲ့ ပတ်သက်ပြီး
“မရိုက်ကူးခင် ကတည်းက ဖွေး ကြိုတင် ရင်ခုန်နေပါတယ်။
ဇာတ်ကားက ဒရာမာ ကားလေးပါ။ ဒီကားမှာ ဖွေးရဲ့ ဇာတ်ကောင် စရိုက်က နည်းနည်း
ဆိုက်ကို ဆန်တယ်။ဒီဇာတ်ကားကို
ဖွေးတို့ သရုပ်ဆောင်တွေ ဘက်ကရော၊ ဒါရိုက်တာကိုပေါက် ဘက်ကရော သေချာ ပြင်ဆင်ပြီးတော့ ရိုက်မှာပါ”လို့ ဖွေးဖွေးက ပြောပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖြစ်နေပြီး
ဒီလကုန်မှာတော့ စာရေးဆရာမ ဆုမြတ်မွန်မွန်ရဲ့ဝတ္ထုကို ဒါရိုက်တာကိုဇော်
(အရုဏ်ဦး) ရိုက်ကူးမယ့် ရုပ်ရှင်ကားမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲဖက်
သရုပ်ဆောင် ရမယ်လို့ ဆိုပါတယ်။
ဖွေးဖွေးရဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်တဲ့ လက်ပံရုပ်ရှင်ကားကို ဇူလိုင်လ ၅
ရက်နေ့ကစပြီး ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ
ပါတော့မယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ဖွေးဖွေးက သရုပ်ဆောင်သစ်
တစ်ယောက် ဘဝက ရိုက်ထားတဲ့ ကားတစ်ကားဖြစ်တဲ့ အတွက် ပရိသတ်တွေ ဘယ်လို
အကဲဖြတ်မလဲဆိုတာ ရင်ခုန်နေပါတယ်လို့ ပြောပါတယ်။
The Voice Weekly