15 June, 2013

Air Bagan information Counter At International Airport Arrival!

မလေးရှားနိုင်ငံမှ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ ရန်ကုန်သို့ပြန်လည် ရောက်ရှိပြီး ၎င်းတို့နေရပ်သို့ပြန်လိုပါက Air Bagan လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များတွင် အခမဲ့စီးနင်းနိုင်ပါသည်။ ပြည်တွင်းခရီးစဉ်အတွင်း စီးနင်းလိုက်ပါနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးမှ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထား (ဥပမာ။ ။ Passport (သို့မဟုတ်) Certificate of Identity (မိတ္တူ) ယူဆောင်ကာ Air Bagan လေကြောင်းလိုင်း ရုံးချုပ်သို့ လူကိုယ်တိုင် လာရောက်၍ လက်မှတ် ထုတ်ယူနိုင်ပါသည်။

မလေးရှား နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး နေရပ်သို့နေ့ချင်းထွက်ခွာလိုပါကလည်း ပြည်တွင်းလေကြောင်းလိုင်း Air Bagan လက်မှတ်အရောင်းကောင်တာသို့ အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြသပြီး လက်မှတ်ထုတ်ယူစီးနင်းနိုင်ပါသည်

(၁၂-၆-၂၀၁၃)ရက်နေ့မှစတင်ပြီး၊ (၃၁-၇-၂၀၁၃) ရက်နေ့အထိ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး ၊ လိုအပ်ချက်များပေါ်မူတည်၍ ရက် အကန့်အသတ်ကို ထပ်မံတိုးမြှင့်ပြီး ကူညီပံ့ပိုးမှုများပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ဆက်သွယ် ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။
www.airbagan.com