ကချင်လွတ်မြောက်ရေးအဖွဲ့(KI O)သည်
ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
အတွက် ကချင်လူထု၏ သဘောထားအမြင်များကို ရယူနိုင်ရန်
အမြဲထိတွေ့ဆက်ဆံနိုင်မည့် အဖွဲ့ (Technical Team) တခု ပြုလုပ်သွားရန်
အစီအစဉ်ရှိကြောင်း ဗိုလ်ချုပ် ဂွန်မော်က ဆိုသည်။Technical Team တခုပြုလုပ်ရန် အစီအစဉ်ရှိရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအ တွက် ပြည်သူများပါဝင်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ကနဦးအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့သည်
ကချင်ပြည်သူလူထုနှင့် မေလ (၂၉)ရက် နေ့လည်တွင် (၂)နာရီကြာ မြစ်ကြီးနားမြို့
စီတာပူရပ်ကွက် မနောကွင်းရှိ ကချင်ရိုးရာယဉ်ကျေးမှု နှင့်
စာပေအဆောက်အဦးအခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
“ကျွန်တော်တို့ ကချင်ပြည်သူလူထုကို အဓိကဆွေးနွေးသွားမှာက ရှေ့တန်း စစ်မြေပြင် စောင့်ကြည့်ရေးရုံး စတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးသွားမှာပါ” ဟု KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကိုယ်စားလှယ်များအနေဖြ င့် စစ်ဆင်ရေးကို ကွေ့ကွင်းပြီး နိုင်ငံရေးဆွေးနွေးပွဲကို နည်းလမ်းတကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ဖော်ဆောင်ရေးဝန်ကြီး
ဦးအောင်မင်းနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့၊ တပ်မတော်တို့
တွေ့ဆုံဆွေးနွေးရာတွင် UN မှ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခြင်းကြောင့်
ရှေ့လုပ်ငန်းစဉ်များ၌ ပို၍ ပွင့်လင်းမြင်သာမှုရှိစွာ
လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း KIO ကိုယ်စားလှယ်အချို့က သုံးသပ်ပြောဆိုသည်။
“ဆွေးနွေးပွဲမှာ KIO လူကြီးတွေ ပြောတာတွေက အားလုံးကို နားလည်ပါတယ်။အခုချက်ချင်း အဖြေရှာလို့ ရတဲ့ ပြသနာမှ မဟုတ်တာ။ ကျွန်မတို့ စစ်ရှောင်စခန်းမှာ နေတယ်ဆိုတာလည်း ကျွန်မတို့ ကချင်လူမျိုးတွေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင် နေတာပဲလို့ ခံယူထားပါတယ်” ဟု KIO/KIA နှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်သည့် ကချင်စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်တွင်း၌ ပထမဆုံးအကြိမ်ပြုလုပ်သည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆွေးနွေးမှုသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမဟုတ်ပါက စစ်ဘေးရှောင်ဒုက္ခသည်များအတွ က် အာမခံမရှိနိုင်ကြောင်း ကချင်ပြည်သူတစ်ဦးက ဆိုသည်။
“စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိဘဲနဲ့ မိမိနေရပ်ကို ပြန်ပေမယ့် အသက်လုံခြုံရေး အာမခံမရှိနိုင်ဘူး စစ်ရှောင်စခန်းမှာလည်း နေရမယ့် ကာလက ကြာရှည်အုံးမှာဘဲ “ ဟု ကချင်အမျိုးသားတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် သည် ၂၀၁၁ခုနှစ် ဇွန်(၉)ရက်မှစ၍ နှစ်ဖက်စစ်ဖြစ်ပေါ်ခဲ့ရာ လူအသေအပျောက်ရှိခဲ့သလို ဒုက္ခသည်စခန်းတွင် နေထိုင်သူ တစ်သိန်းကျော်ရှိခဲ့သည်။
KIO ကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးေ ဖ်ာဆောင်းရေးကော်မတီ များသည် မေလ ၃၀ ရက်နေ့၌ ဆက်လက် ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု KIO ကိုယ်စားလှယ်အဖွဲ့ ကဆိုသည်။
ကနဦးအနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့သည်
“ကျွန်တော်တို့ ကချင်ပြည်သူလူထုကို အဓိကဆွေးနွေးသွားမှာက ရှေ့တန်း စစ်မြေပြင် စောင့်ကြည့်ရေးရုံး စတဲ့ ခေါင်းစဉ်တွေကို ဆွေးနွေးသွားမှာပါ” ဟု KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကိုယ်စားလှယ်များအနေဖြ
ပြည်ထောင်စုငြိမ်းချမ်းရေးန
“ဆွေးနွေးပွဲမှာ KIO လူကြီးတွေ ပြောတာတွေက အားလုံးကို နားလည်ပါတယ်။အခုချက်ချင်း အဖြေရှာလို့ ရတဲ့ ပြသနာမှ မဟုတ်တာ။ ကျွန်မတို့ စစ်ရှောင်စခန်းမှာ နေတယ်ဆိုတာလည်း ကျွန်မတို့ ကချင်လူမျိုးတွေ လွတ်လပ်ရေးရအောင် တိုက်ပွဲဝင် နေတာပဲလို့ ခံယူထားပါတယ်” ဟု KIO/KIA နှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်သည့် ကချင်စစ်ပြေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်တွင်း၌ ပထမဆုံးအကြိမ်ပြုလုပ်သည့် ကချင်ပြည်နယ်ငြိမ်းချမ်းရေး
“စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရရှိဘဲနဲ့ မိမိနေရပ်ကို ပြန်ပေမယ့် အသက်လုံခြုံရေး အာမခံမရှိနိုင်ဘူး စစ်ရှောင်စခန်းမှာလည်း နေရမယ့် ကာလက ကြာရှည်အုံးမှာဘဲ “ ဟု ကချင်အမျိုးသားတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်တွင် မြန်မာတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်
KIO ကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးေ