08 May, 2013

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွှေ - Inland taipan


အရှည်အားဖြင့် ၅ပေ ၉ လက်မ ကနေ ၈ ပေ ၂ လက်မလောက်ထိ ရှည်နိုင်တဲ့ မြွှေမျိုး ဖြစ်ပါတယ်။

Inland taipan လို့ခေါ်ပြီး Fierce Snake လို့လည်း အမည်ရပါသေးတယ်။ သြစတေးလျနိုင်ငံ အရှေ့ အလယ်ပိုင်းမှာ ရှင်သန်ပေါက်ဖွားပြီး ရာသီပေါင်းစုံမှာ ရှင်သန်နေထိုင်နိုင်ပါတယ်။ နွေရာသီမှာ ညိုဝါဝါ အရောင် ပြောင်းပြီး ဆောင်းရာသီမှာ အနက်ရောင်၊ ညိုရင့်ရောင် တို့ကို ပြောင်းလဲသွားပါတယ်။

အဆိပ်ထုတ်နိုင်စွမ်းကတော့ 44 mg ရှိတယ်လို့ မှတ်တမ်းတင်ထားပေ မယ့် စံချိန်တင်အနေနဲ့ တစ်ခါကို 110 mg လောက်ထိ အများဆုံး အဆိပ် ထုတ်ဖူးထားပါတယ်။ ဒါကြောင့် Inland taipan ကို ကမ္ဘာ့အဆိပ်အပြင်း ဆုံး ကုန်ပေါ် မြွှေအဖြစ် စံချိန်တင်ထားကြောင်း သိရ ပါတယ်။

International news for myanmar