GPS စနစ်တပ်ဆင် မောင်းနှင်သည့် ကားများနေရယူလာ
ပြည်ပမှ ၀င်ရောက်လျက် ရှိသည့် TV
Screen ပါရှိသည့် ကားများ၌ တရုတ်နိုင်ငံ နည်းပညာ ဖြင့် မြန်မာပြည် လမ်းပြ မြေပုံ
GPS စနစ် ထည့်သွင်း အသုံးပြုမှု များလာကြောင်း ကားဈေးကွက် အတွင်းက သိရသည်။ ဂျပန်နိုင်ငံ
မှ တင်သွင်းသော ကားများသည် ဂျပန်နိုင်ငံ မြေပုံ ပါလာကြောင်း ၊ တရုတ်နိုင်ငံ ထုတ်
GPS သည် မြန်မာပြည် မြေပုံ ပါခြင်းကြောင့် အဆင်ပြေကြောင်း သိရသည်။ အဆိုပါ GPS စနစ်
တပ်ဆင် ထားခြင်းဖြင့် သွားလာမှု အတွက် အထောက်အကူ ဖြစ်ခြင်း ၊ ကားပျောက်ဆုံး နေမှုကို
ရှာဖွေ နိုင်ခြင်း နှင့် အခြားသော အားသာချက် များလည်း ရှိကြောင်း ၊ ထို Polar Star
Car Navigation GPS စနစ်ကို Technomation က ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ ရှိ ရန်ကုန်
၊ မန္တလေး ၊ နေပြည်တော် အစရှိသည့် မြို့ကြီးများ၏ မြေပုံအသေးစိတ် ပါရှိပြီး ကျန် ပြည်နယ်
နှင့် တိုင်းဒေသကြီး များ၏ အဓိက ( လမ်းအူကြောင်း ) လမ်းမကြီး များသာ ပါရှိသည်ဟု သိရသည်။
ထိုစနစ်ကို ပြည်တွင်း၌ လွယ်ကူစွာ အသုံးပြု နိုင်ရန် မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့်
ဖော်ပြထားပြီး TV Screen ပါရှိသော ကားများတွင် ပစ္စည်း နှင့် တပ်ဆင်ခ အပါအ၀င် ကျပ် ၂
သိန်း ၂ သောင်း ကုန်ကျ နိုင်ပြီး TV Screen မပါရှိသော ကားများတွင်လည်း TV Screen ၀ယ်ယူ
တပ်ဆင် နိုင်ကြောင်း သိရသည်။ GPS စနစ် ပါရှိသော TV Screen ဈေးနှုန်းမှာ ၄ ဒသမ ၃ လက်မ
အရွယ်အစား မှာ ကျပ် ၇၇၀၀၀ နှင့် ၇ လက်မ အရွယ်အစား မှာ ကျပ် ၁၆၀၀၀၀ ဈေးရှိကြောင်း သိရှိရသည်။