အမေရိကန်အစိုးရ၏
ဖိတ်ကြားချက်အရသွားရောက်မည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင်
အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမားနှင့် တွေ့ဆုံပြီးပါက ဆန်ဖရန်စစ္စကို
ပြည်နယ်ရှိ စီလီကွန် တောင်
ကြားသို့ သွားရောက်ကာ Google ဥက္ကဋ္ဌနှင့် တွေ့ဆုံရန်ရှိကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ
ခရီးစဉ်အသေးစိတ် စီစဉ်ပြီးပါက နိုင်ငံတော်သမ္မတရုံးမှ
တရားဝင်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိ သူတစ်ဦး က
ပြန်လည် ဖြေကြားသည်။
ယင်းနောက် အဆိုပါ ပြည်နယ်သို့ ရောက်
ရှိနေသော မြန်မာနိုင်ငံ သားများနှင့်လည်း တွေ့ဆုံ သွားရန်ရှိကြောင်း
အစိုးရအဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။ “သမ္မတ အခုသွားမယ့် အမေရိက
ခရီးစဉ် တစ်ခုလုံးက မြန်မာနိုင်ငံရဲ့ စီးပွားရေးတင်မကဘူး။ ဘက်စုံ တိုးတက်ရေး
အတွက် အထောက် အကူ ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန်ပြည်ထောင်စု က
မြန်မာနိုင်ငံကို သူတို့ရဲ့ မိတ်ဖက်နိုင်ငံ အနေနဲ့ သတ်မှတ်လိုက်တာပါ။
မြန်မာနိုင်ငံက အမေရိကရဲ့ မိတ်ဖက် အဆင့် ရောက် သွားတာပါ” ဟု
စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောကြားသည်။
အမေရိကအခြေစိုက် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ စိတ်ဝင်စားခြင်း ခံနေရသည့်
မြန်မာနိုင်ငံ အတွက် နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်မှာ မြန်မာနိုင်ငံတွင်
ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများ လာရောက်လုပ်ကိုင် ရေးအတွက် များစွာ အထောက်
အပံ့ကောင်း ဖြစ်မည်ထင်ကြောင်း အိုင်တီပညာရှင် တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၃
ခုနှစ် မေလ ၇ ရက်နေ့ထုတ် The Voice Daily သတင်း စာတွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်