13 May, 2013

ကမ္ဘာ့အမြန်ဆုံးး အမိုးပွင့်ကား အဖြစ် စံချိန်တင်လိုက်သော Bugatti Grand Sport Vitesse

Bugatti Grand Sport Vitesse WRC Edition လို့ နာမည်အရှည်ခေါ် ပါတယ်။ ကမ္ဘာ့ အမြန်ဆုံး အမိုးပွင့် ပြိုင်ကားအဖြစ် ကမ္ဘာယ့မှတ်တမ်းတင်လိုက်နိုင်တဲ့ ကား ဖြစ်ပါတယ်။ စံချိန်တင်ရန် မောင်းနှင်ပေး သူကတော့ တရုတ်နိုင်ငံမှ ပြုင်ကားဒရိုင်ဘာ Anthony Liu ဖြစ်ပြီး သူ့ကိုလည်း Bugatti ဥက္ကဌမှ မှတ်တမ်းတင် ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။

ကားရဲ့  အမြန်ဆုံး Speed ကတော့ တစ်နာရီ ၂၅၄ မိုင်ဖြစ်ပြီး ကီလိုမီတာ အားဖြင့် တစ်နာရီ ၄၀၈.၈၄ ကီလိုမီတာ ရှိပါတယ်။ ဒါကြောင့် အမိုးပွင့် ပြိုင် ကားတွေထဲမှာ သူက နောက်ထပ် စံချိန်သစ် တင်လိုက်နိုင်ခြင်း ဖြစ်ပါတယ်။ Bugatti က အမိုးလုံ ကားထဲမှာလည်း အမြန်ဆုံး ပါပဲ။ ဧပြီလ ၁၀ ရက်နေ့က မှတ်တမ်းတင်မောင်းနှင်ခဲ့ခြင်းပါ။

အင်ဂျင်ပါဝါ ၈၀၀၀ စီစီ၊ W ဆလင်ဒါ ၁၆ လုံးပူး အားကောင်း အရွယ်ကြီး အင်ဂျင်အသုံးပြုပြီး Bugatti ရဲ့  နည်းပညာများ အပြည့်အဝ ထောက်ပံ့ ထားကြောင်း သိရပါတယ်။
--
Ref: autoblog