ဂရမ်မီဆုရှင်
ကမ္ဘာကျော် အဆိုတော်သည် ယခုအခါ သမီးလေး ဘလူးအိုင်ဗီအပြီး နောက်ထပ်
ကလေးတစ်ဦးကို ခင်ပွန်းဖြစ်သူ ဂျေးဇီးနှင့်အတူ ပိုင်ဆိုင်ရရှိတော့မည်ဟု
သတင်းအချို့က သုံးသပ် ရေးသားနေသည်။
ဖျော်ဖြေပွဲ တစ်ခုကို ဖျက်သိမ်းရန် ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်းကြောင့်
ဘီယွန်းစ်တွင် နောက်ထပ် ကလေးတစ်ဦး ဖွားမြင်ရန် ကိုယ်ဝန်လွယ်ထားပြီ ဆိုသည့်
ခန့်မှန်းမှုများ ပိုမို အားကောင်းလာခဲ့သည်။ ဂရမ်မီဆုရှင် ကမ္ဘာကျော်
အဆိုတော်သည် ယခုအခါ သမီးလေး ဘလူးအိုင်ဗီအပြီး နောက်ထပ် ကလေးတစ်ဦးကို
ခင်ပွန်းဖြစ်သူ ဂျေးဇီးနှင့်အတူ ပိုင်ဆိုင်ရရှိတော့မည်ဟု သတင်းအချို့က
သုံးသပ် ရေးသားနေသည်။ ဘီယွန်းစ်သည် ဘယ်လ်ဂျီယံတွင် ပြုလုပ်ရန်
ကြိုတင်စီစဉ်ထားသော ဖျော်ဖြေပွဲ တစ်ခုကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီး
ယင်းသည် ဆရာဝန်၏ ပြတ်ပြတ်သားသား ခိုင်းစေမှုကြောင့်ဟု ဆိုသည်။
စူပါစတား အဆိုတော်သည် ယခုသီတင်းပတ်အတွက် အန့်တဝပ်တွင် ဖျော်ဖြေပွဲတစ်ခု
ပြုလုပ်ရန် ပြင်ဆင်ထားခဲ့ပြီးမှ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ သူမသည် Mrs.
Carter Show ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ်အတွက် အဆုံးသတ်ပိုင်းသို့
ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် နာမကျန်း ဖြစ်နေသည်ဆိုသော
အကြောင်းပြချက်ဖြင့် ပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ ဘီယွန်းစ်၏
ကိုယ်စားလှယ်ကမူ သူမသည် ရေဓာတ်ခန်းခြောက်ပြီး နွမ်းနယ်နေခဲ့ကြောင်း ဆိုသည်။
The Sun သတင်းစာက ဘီယွန်းစ်အနေဖြင့် ဖျော်ဖြေပွဲ တစ်ခုတွင်
သာမန်အနေအထားထက် စူထွက်နေသော ဝမ်းဗိုက်မျိုး ရှိနေခဲ့သည်ကို ဖော်ထုတ်
ပြသခဲ့ပြီး သူမတွင် ဒုတိယ ကိုယ်ဝန် ရှိနေခြင်း ဟုတ်မဟုတ် ခန့်မှန်း
မေးခွန်းထုတ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က Met Ballတွင်
ဘီယွန်းစ်အနေဖြင့် ခါးပွပွ ဝတ်စုံကြီး ဝတ်ထားခြင်းကြောင့်လည်း ကိုယ်ဝန်ကိစ္စ
ကောလာဟလမှာ ပိုမို ကျယ်ပြန့်လာသည်။ ထို့အပြင် မကြာသေးမီက ဘီယွန်းစ်သည်
သူမ၏ သမီးလေးအနေဖြင့် နောက်ထပ် အဖော်လိုအပ်နေပြီဟု ထင်မှတ်မိသည်ဟု
ပြောဆိုခဲ့သေးကြောင်းလည်း သိရှိရသည်။
Planet.com.mm
