31 May, 2013

“နိုက်ဂျီးရီးယားတွင် သိုဝှက်ထားသော လက်နက်တိုက် ရှာဖွေတွေ့ရှိ”

နိုက်ဂျီးရီးယားတွင် လျှို့ဝှက် ထောက်လှမ်းရေး ရဲတပ်ဖွဲ့များသည် သိုဝှက်ထားသည့် လက်နက်တိုက် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ နိုက်ဂျီးရီးယား မြောက်ပိုင်းတွင် စစ်တပ်နှင့် ရဲများသည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ ပိုင်ဆိုင်သည်ဟု ယူဆရသော လက်နက်တိုက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ လက်နက်များသည် လက်ဘနွန်မှ နိုင်ငံရေးပါတီ တစ်ခုက ပိုင်ဆိုင်ပြီး ဟစ်ဇ်ဘိုလာတို့၏ လှုပ်ရှားမှုများအတွက် ထောက်ပံ့ပေးရန် အသုံးပြုသည်ဟု ယူဆရကြောင်း နိုက်ဂျီးရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။အရာရှိများက ၎င်းတို့ သိမ်းဆည်း ရမိထားသည့် လက်နက်များကို သတင်းမီဒီယာများထံ တရားဝင် ပြသခဲ့သည်။ စစ်သားများသည် ကာနိုမြို့ရှိ နေအိမ်တစ်လုံးမှ အဓိက အိပ်ခန်းအောက်တွင် ဝှက်ထားသော လက်နက်များကို သိမ်းယူနိုင်ခဲ့ခြင်းဟု ဆိုသည်။

Planet.com.mm