17 May, 2013

တေလာဆွစ်ဖ်နေအိမ်ပိုင်နက်အတွင်း ဝင်ရောက်သည့် ပရိသတ် အဖမ်းခံရ

တေလာဆွစ်ဖ်၏ အစွန်းရောက် ပရိသတ် တစ်ဦးသည် သူမ၏ နေအိမ် ပိုင်နက်ထဲ အခွင့်မရှိဘဲ ဝင်ခဲ့မှုအတွက် အဖမ်းခံခဲ့ရကြောင်း သိရှိရသည်။ နယူးအင်္ဂလန်ရှိ၊ ရုဒ်အိုင်းလန်းမှ တေလာ၏ ကမ်းခြေနေအိမ်ကို ဖြတ်သန်း ဝင်ရောက်သူ တစ်ဦးကို မေလ (၁၅)ရက်နေ့ အစောပိုင်းက ဖမ်းဆီးရ
မိကြောင်း ရဲများက ဆိုသည်။

အဆိုပါ အဖမ်းခံရသူသည် တေလာကို အလွန်အကျွံ အားပေးစွဲမက်
နေသည့် ပရိသတ် တစ်ဦးလည်း ဖြစ်သည်။

အသက်(၂၂)နှစ်ရှိ အမျိုးသား၏ အမည်ကိုမူ ရဲများက မကြေညာခဲ့ချေ။ ၎င်းသည် ရေကူးကာ နေအိမ်ဝင်းထဲ ရာက်လာခဲ့ပြီးနောက် I Knew You Were Troubleစတား အဆိုတော်နှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့သည်။

Planet.com.mm