06 May, 2013
ဖွံ့ဖြိုးပြီးနိုင်ငံနှင့် မိုဘိုင်းဖုန်း သရဲများ
မြန်မာပြည်မှာတောင် လမ်းမှာ ဖုန်းတစ်ကိုင်ကိုင်နဲ့ ဆော့တာ၊ သုံးတာ မြင်ရင် မျက်စိနှောက်တယ်လို့ ထင်ရပေမယ့် စင်္ကာပူ၊ ဂျပန် တို့လို နိုင်ငံကြီး ရောက်သွားရင် မြန်မာပြည်က ရန်ကုန်မြို့ ဟာ ဘာမှ မဟုတ်သေးဘာလားလို့ မှတ်ချက်ချမိမှာ အမှန်ပါပဲ။
ရထားစီးလည်း ဖုန်း၊ တစ်ခုခု တန်းစီစောင့်နေရရင်လည်း ဖုန်း၊ ဘာမှ လုပ်စရာ မရှိလည်း ဖုန်းကို ကလိကြပါတယ်။ ဂိမ်းဆော့ပါတယ်။ အင်တာနက်ဝင်ပါတယ်။ ဈေးဝယ်ပါတယ်။ မေးလ်စစ်ပါတယ်။ Facebook သုံးပါတယ်။ စာဖတ်ပါတယ်။ လူငယ်၊ လူလတ်၊ လူကြီး ပိုင်းတွေ စုံပါတယ်။ ဖုန်း ကြေး၊ အင်တာနက်ကြေး သက်သာတာ ကြောင့်လဲ ပါတော့ PC နဲ့ အသုံးပြုမှုထက် မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုမှုကတောင် ပိုများသလို ရှိလာကြပါတယ်။
ဒီတော့ မြန်မာပြည်မှာ မိုဘိုင်းဖုန်း ဆင်းကဒ်ဈေးတွေလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ မခြားး သက်သာလာမယ်၊ အင်တာနက် ဆက်စပ် ဝန်ဆောင်မှု များ ဈေးသက်သာလာမယ် ဆိုရင် ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းသရဲများ ဒီထက် အဆပေါင်းများစွာ တိုးလာနိုင်ပါကြောင်း ခန့်မှန်း မိပါတယ်။
-
Aung Kham (TSJ team)