15 May, 2013

မက်ဆီ၊ ရော်နယ်ဒိုတို့ထက် နေမာ ဈေးကွက်အောင်မြင်မှု ပိုရ

SportsPro Magazine မှ စစ်တမ်းကောက်ယူသော ဈေးကွက်အရှိဆုံး အားကစားသမား စာရင်းတွင်မက်ဆီ၊ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ
နေမာမှာ ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ လာမည့် ၃နှစ်တာအတွက် ဈေးကွက် အခြေအနေ၊ ကြော်ငြာကဏ္ဍ အောင်မြင်မှု
... များကို တွက်ချက်ပြီး စာရင်း ထုတ်ပြန်ခြင်းဖြစ်ကာ လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီး၏ အဓိက ကစားသမားဖြစ်လာနိုင်ခြင်းကြောင့်
နေမာကိုရွေးချယ်ခဲ့ခြင်းဟု SportsPro Magazine အယ်ဒီတာချုပ် ကက်ရှ်နန်က ဖွင့်ဟခဲ့သည်။

SportsPro Magazine ၏ ဈေးကွက်အရှိဆုံး အားကစားသမား ၅၀စာရင်းတွင် မက်ဆီမှာ ဒုတိယ နေရာ ရပ်တည်ခဲ့ပြီး ရော်နယ်ဒိုမှာ အဆင့် ၇နေရာသာ ရရှိခဲ့သည်။ ထို့အပြင် ကက်ရှ်နန်က အမျိုး သမီး အားကစားသမားများ၏ ဈေးကွက်အောင်မြင်မှုမှာ အကောင်းဆုံး အလားအလာရှိနေသည်ဟု ထပ်မံပြောကြားသွားခဲ့သည်။ အမျိုးသမီး အားကစားသမားများထဲတွင် ဈေးကွက်အရှိဆုံးမှာ အမေရိကန် တင်းနစ်မယ် စတီဖင်ဖြစ်ပြီး အဆင့် ၉နေရာတွင် ရပ်တည်နေကာ အဇာရန်ကာနှင့် ရှာရာပိုဗာတို့မှာ အဆင့် ၁၆နှင့် ၁၇နေရာတွင် ရှိနေခဲ့သည်။

ရိုးရာလေး