31 May, 2013

ပြင်သစ် သမ္မတ ဧည့်ခံပွဲသုံး ဝိုင် အရက်တွေ ထုတ်ရောင်းမယ်

ပြင်သစ် နိုင်ငံ မှာတော့ ခြိုးခြံ ချွေတာရေး အလေးထား လုပ်ဆောင်တဲ့ အနေနဲ့ ဧည့်ခံပွဲ တွေမှာ သုံးဖို့ Elysee Palace သမ္မတ အိမ်တော် မြေအောက်ခန်း ထဲမှာ သိမ်းထားတဲ့ တန်ဖိုးကြီး ဝိုင်ပုလင်း တစ်ထောင်ကျော်ကို လေလံတင် ရောင်းချ ပါတော့မယ်။နှစ်ချို့ ဘော်ဒိုး နဲ့ ဘာဂန်ဒီ bordeaux's and burgundies ဝိုင် ပုလင်း တွေကို ထုတ်ရောင်းပြီး ဈေးသက်သာတဲ့ သက်တမ်းနု ဝိုင်ပုလင်း တွေကို ဧည့်ခံပွဲ တွေမှာ အစားထိုး သုံးမှာ ဖြစ်ပါတယ်။အကောင်းဆုံး ဝိုင် အရက် တစ်ပုလင်းဟာ ဒေါ်လာ နှစ်ထောင် အထိ ဈေး ရနိုင် ပါတယ်။အပို ရတဲ့ ငွေတွေကို ပြင်သစ် ဘဏ္ဍာရေး ဌာနကို ပေးအပ်မှာ ဖြစ်ပါတယ်။
သမ္မတ ဧည့်ခံပွဲမှာ သုံးဖို့ မြေအောက် တိုက်ခန်းထဲမှာ ၁၉၄၇ ခုနှစ်က စတင် သိမ်းဆည်း ထားခဲ့တဲ့ ဝိုင် အရက် တွေကို အခု တကြိမ် ပထမဆုံး စတင် ထုတ်ရောင်း တာလည်း ဖြစ်ပါတယ်။

BBC Burmese