24 May, 2013

ခရီးသည်တင်ကား ကြံ့ခိုင်မှု မရှိက ဒဏ်ကြေးငါးသောင်းကျပ် ယာဉ်ပိုင်ရှင်ကို တပ်မည်

မိုးတွင်းကာလတွင် ခရီးသည် တင်ယာဉ်များ အမိုးအကာ ကြံ့ခိုင်ရေးနှင့် လုံခြုံမှုရှိမရှိကို ကြပ်မတ်ဆောင်ရွက် သွားမည် ဟု မထသ(ဗဟို)မှ သိရသည်။
ခရီးသည်တင် ယာဉ်များတွင် အမိုးအကာ၊ ဘေးတံခါး၊ ကြမ်းခင်းများ ကောင်းမကောင်းနှင့် ဝှိုက်ဘာ (ရေသုတ်တံ)များ အသုံးပြုရေး တို့ကို သက်ဆိုင် ရာယာဉ်လိုင်းမှ တစ်ဆင့် ညွှန် ကြားသွားမည်ဖြစ်ပြီး လိုက်နာမှုမရှိက ပြစ်မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ အရေးယူ ဆောင်ရွက်မည်ဟု မထသ(ဗဟို) ဥက္ကဋ္ဌ
ဦးလှအောင်က မေ ၂၁ ရက်တွင် ပြောသည်။
ဥက္ကဋ္ဌဦးလှအောင်က ”ယာဉ်တွေရဲ့ ခေါင်မိုးပေါ်က မိုး တွေယိုတာ၊ ဘေးတံခါးမလုံတာတွေ ကို ပြုပြင်ဖို့၊ စစ်ဆေးဖို့ကို ယာဉ်လိုင်းအစည်းအဝေးဆွေးနွေး ပြီးတာနဲ့ ရက်သတ်မှတ်ပြီး ကြပ်မတ်ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

ယာဉ် ကြံ့ခိုင်မှုနှင့် လုံခြုံမှုမရှိပါက ယာဉ်ပိုင်ရှင်ကို ဒဏ် ငွေငါးသောင်းကျပ်၊ ယာဉ်မောင်းနှင့် ယာဉ်အကူတစ်ဦးလျှင် ဒဏ်ငွေငါးထောင်ကျပ်ြ ဖင့် ပြစ် မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ ဒဏ်တပ်နိုင်ကြောင်း သိရသည်။

 ပါရမီ၊ အဓိပတိယာဉ်လိုင်းများမှ ယာဉ်ကြံ့ခိုင်စေရေးနှင့် လုံခြုံစေရေးအတွက် ကြို တင်စစ်ဆေး၊ ပြုပြင်ခြင်းများ ပြုလုပ် ရေးကို မေလ ၁၅ ရက်တွင် ညွှန်ကြားထားပြီး ဖြစ်သည်။အဆိုပါ ခရီးသည်ပို့ဆောင်ရေးမှ မန်နေဂျင်းဒါရိုက် တာ ဦးမျိုးမြင့်က”မိုးရာသီဆိုရင် လမ်းပေါ်မှာဆီတွေကြောင့် ချော နေတတ်တဲ့အတွက် တာယာနဲ့ဘရိတ်ကောင်းအောင် ပြုပြင် ထားရမယ်၊ စစ်ဆေးရမယ်၊ မိုးရွာလို့ရှိရင် အချက်ပြမီးတွေလည်း ကောင်းရမယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ခရီးသည် တင် ပြေး ဆွဲနေသော ယာဉ် ၄ဝဝဝ ကျော်ရှိကြောင်း မထသ (ဗဟို)မှသိရသည်။

ထက်ထက်မိုးမြင့် - Popular Myanmar News Journal