23 May, 2013

ပါလက်စတိုင်းအား (၆)ဂိုးအထက် သွင်းယူရန် မြန်မာအမျိုးသမီးအသင်း ပစ်မှတ်ထား

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ကုမာဒါက ယနေ့ မေလ(၂၃)ရက်နေ့ ဒေသစံတော်ချိန် ညနေ(၅း၀၀)နာရီ တွင်ယှဉ်ပြိုင်ကစားရမည့် ၂၀၁၄ အာရှချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယပွဲစဉ်တွင် အိမ်ရှင် ပါလက်စတိုင်းအသင်းအား (၆)ဂိုး အထက် သွင်းယူရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
" ပထမပွဲမှာ တရုတ်(တိုင်ပေ)က (၆)ဂိုးပြတ်နဲ့ ပါလက်စတိုင်းကို နိုင်ထားတယ်။ယနေ့  ကျွန်တော်တို့အသင်းကလည်း ပါလက် စတိုင်းကို (၆)ဂိုးအထက် သွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဂိုးများများ ရထားဖို့လိုတယ်။ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တရုတ်(တိုင်ပေ)နဲ့ပွဲကိုလည်း အနိုင်ကစားမှာပါပဲ။ ဒါပေမဲ့ ဒီအုပ်စုမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်(တိုင်ပေ)အသင်းထက် လေလောဆယ် ရဂိုးပိုများထားဖို့ လိုပါတယ်။" ဟု မြန်မာအသင်းနည်းပြ ကုမာဒါက themff.org သို့  ပြောကြားခဲ့သည်။

ကုမာဒါသည် အိန္ဒိယကို အနိုင်ရရှိခဲ့သော ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်လည်း ပြိုင်ဘက်အသင်းများ၏ တောင့်တင်းမှုအား ဖွင့်ဟပြောကြားခဲ့သည်။ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊မြန်မာ တို့မှာ အမျိုးသမီးဘောလုံးအဆင့်အတန်းတွင် တန်းတူရှိကြောင်း၊ အိန္ဒိယအသင်း၏ ကစားပုံမှာ အံ့သြဖွယ်ရာ တိုးတက်လာသည်ကို တွေ့ရကြောင်း၊ မိမိတို့အသင်းအနေဖြင့် ယနေ့ပွဲတွင် အမှားများ စွာရှိခဲ့ကြောင်း၊ နောက်တန်းနှင့်ဂိုးသမားတို့ ကာကွယ်မှုများကြောင့်သာ ဂိုးမပေးရခြင်းဖြစ်ကြောင်း စသဖြင့် ပြောကြား သွားခဲ့သည်။

အခြားသတင်းတစ်ရပ်အနေဖြင့် ပါလက်စတိုင်းဒေသခံများအကြား အာရှခြေစစ်ပွဲအောင်ရန် တစ်ပြေးနေသည့် တရုတ်(တိုင်ပေ) အသင်းမှာ  ပွဲကစား ရက် ရွှေ့ဆိုင်းပေးရန် မြန်မာအသင်းအား လာရောက်ညှိနှိုင်းခဲ့ရာ မြန်မာအသင်းမှ သဘောမတူ ကြောင်း အကြောင်းပြန်ခဲ့သည်။တရုတ်(တိုင်ပေ)အသင်း တာဝန်ရှိသူအချို့က ၄င်းတို့အသင်း သတ်မှတ်ရက်ထက်စောစီးစွာပြန်လိုသဖြင့် မေလ(၂၅)ရက်တွင်ကစား မည့် မြန်မာနှင့်ပွဲကို မေလ(၂၄) ရက်သို့ ရွှေ့ဆိုင်းပေးရန် လာရောက် ညှိနှိုင်းခဲ့ခြင်းဖြစ် သည်။ ခြေစစ်ပွဲ ကစားရမည့် တရားဝင်ရက်စွဲများမှာ မေ(၂၁-၂၃-၂၅) ရက်နေ့များဖြစ်ပြီး တစ်ရက်ခြား ကစားရမည်ဖြစ်ရာ တိုင်ပေ၏ ညှိနှိုင်းချက်သည် မိမိတို့အသင်းအား ပွဲပန်းခြင်းဖြစ်စေမည့်အပြင် သဘာဝလည်းမကျသည့်အတွက် မြန်မာဘက်မှ ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

themff