၁၁-၅-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် မွန်ပြည်နယ် သထုံမြို့နယ်
နောင်ကုလားဘူတာနှင့် သိမ်ဆိပ်ဘူတာ မိုင်တိုင်(၁၃၃/၈-၉)ကြား ရထားလမ်းပေါ်တွင်
လူ(၂)ဦး ရထားကြိတ်သေဆုံးနေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပန်းတိမ်ရွာနေသူများဖြစ်သည့်
မောင်ချစ်ဆန်းဦး(၁၂)နှစ်တွင် ဦးခေါင်းပြတ်၊ ယာဒူးအထက်မှပြတ်ဒဏ်ရာနှင့်
မောင်ထွဋ်ဦး (၁၅)နှစ်တွင် ၀ဲဒူးအောက်မှပြတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို
တွေ့ရှိရသည်။
ဖြစ်စဉ်အား စိစစ်ရာ ၎င်းတို့(၂)ဦးသည် ရထားလမ်းဘေးတွင်
ဖားလိုက်ရိုက်ပြီး ရထားလမ်း ပေါ်တွင် အိပ်ပျော်နေစဉ် ရန်ကုန်-မော်လမြိုင်
အမြန်ရထားမှ ကြိတ်သွားခြင်းဖြစ်ကြောင်း သိရသဖြင့် အလောင်းများအား
နောင်ကုလားကျေးရွာဆေးရုံသို့ပို့အပ်ပြီး သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ်
၁၂/၂၀၁၃ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်