ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့တွင် ဖျာပုံ မင်းညီနောင် ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ ကျင်းပသည်။အဆိုပါပွဲ ကျင်းပရာတွင် မိမိတို့ ယုံကြည် ကိုးကွယ်သည့် ရိုးရာ နတ်များအား
ယခင်က နွားလှည်းများ အလှဆင်၍ နတ်ဝင်သည် များအား တင်ဆောင် လှည့်လည်ကြပြီး
ယခုအခါ သုံးဘီး ဆိုင်ကယ်များနှင့် ပင့်ဆောင် ပူဇော် သူများ၏ ဖိတ်ကြား
ထားသော လမ်းအလိုက် မြို့တွင်းသို့ လှည့်လည် ကြကာ လမ်းအလိုက် မိမိတို့
ရိုးရာ သက် ဆိုင်ရာ နတ်များကို ပူဇော် ပသကြသည်။
ယခု မင်းညီနောင်
ပွဲကို မိုးအကြိုပွဲ အဖြစ် ကျင်းပ ရခြင်းမှာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု
နည်းပါးစေပြီး မိုးခေါင်မှု နည်းပါးစေသည့် အပြင် စီးပွား လာဘ်လာဘ များ
ပွင့်လန်း၍ မြို့နေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းမေတ္တာ
ပို့လျက်ကုသိုလ် ဒါနပြု ပူဇော် ပသသည့် ပွဲတော်တစ်ခု ဖြစ်ပြီး ရိုးရာ
အစဉ်အလာ မပျက်ကျင်းပရာ နှစ်တိုင်း ပွဲတော် ကျင်းပပြီးသည့် နောက်မှ စ၍
မိုးရွာသွန်းလေ့ ရှိကြောင်း ဒေသခံ များ ၏ ပြောပြချက် အရ သိရသည်။
ယခုလို ရာသီအလိုက် ပွဲတော်များ ကျင်းပရာတွင် ဖျာပုံမြို့သူ၊ မြို့သားများ
နှင့် ကျေးရွာများရှိ ပြည်သူများ မိမိတို့ ယုံကြည် ကိုးကွယ်ရာ ဓလေ့
ထုံးစံများ အတိုင်း ကျင်းပရာတွင် ယခု မိုးအကြို မင်းညီနောင် ပွဲတော်
ကျင်းပသည့် ဓလေ့ကို ဖျာပုံမြို့တွင် နှစ်စဉ်မပျက် ကျင်းပ လေ့ ရှိကြောင်း
သိရသည်။
မြ၀တီ