ကားနဲ့တစ်ကား ရိုက်တဲ့ အချိန်မှာ သင်ယူရတယ်၊ မှတ်ယူ ရတယ်။ ဒါပေမဲ့ အားနည်းချက်
တွေတော့ရှိ ပါသေးတယ်။ ကိုယ်ရိုက်ထားတဲ့ကား တွေကိုလည်း ကိုယ့်ဘာသာကိုယ်
ပြန်ကြည့်ဖြစ် တော့လေ။ ဒီနေရာ လေးမှာ ဒီလို လုပ်လိုက်ရင် ကောင်းမယ် ဆိုတဲ့
အဲဒီလိုမျိုး အားနည်းချက် ကတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့
ကျွန်တော် ကားတွေ ရိုက်ရင်း ရိုက်ရင်းနဲ့ အဲဒီက နေရလာတဲ့ သင်ယူမှု တွေရယ်၊
ကိုယ့်ကြိုးစားမှု တွေရယ်နဲ့ ကာရိုက် တာတစ်ခုကို သေချာ လုပ်ဖြစ်ပါတယ်။
ဥပမာ-အချစ်ကား တစ်ကား ရိုက်မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ ဖန်စီကား တစ်ကား ရိုက်မယ်
ဆိုရင်ပဲဖြစ်ဖြစ် ဇာတ်လမ်းပုံစံက သူ့အနေအထား နဲ့သူ ကွဲသွားတာ ချည်းပါပဲ။ ချစ်တယ်၊
ကြိုက်တယ်ကတော့ ချစ်တယ် ကြိုက်တယ် ဆိုပေမယ့် ချစ်တယ်၊ ကြိုက်တယ်က
လူကြမ်းလို ချစ်တာလား၊ ကလေး တစ်ယောက် လိုချစ်တာလား၊ ရွယ်တူ သက်တူကို
မခံချင်လို့ ချစ်တာလား၊ အဲဒီလိုအ ချစ်ကား ဆိုရင်လည်း အချစ်မှာအ မျိုးမျိုးရှိတဲ့ အတွက
ကာရိုက်တာ ကတော့ ထပ်စရာ မရှိဘူးလို့ ထင်တယ်။
By 8Days A Week Journal