20 May, 2013

“အသက် ၁၅ နှစ်အရွယ် အိမ်ဖေါ်အမျိုးသမီးငယ် တစ်ဦးအားကယ်တင်”

ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၂၀ကျော်တွင်ရှိသော နကဆ၀န်မြို့ရှိ အိမ်တစ်အိမ်တွင်၁၀ကြာ အိမ်ဖေါ်အလုပ်ကို လုပ်ကိုင်နေခဲ့ ရသည့် အသက် ၁၅ နှစ် အရွယ် မြန်မာကလေးအလုပ်သမငယ်တစ်ဦးကို ပူးပေါင်းအဖွဲ့ တို့က ယမန်နေ့က ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။သူမသည် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ အင်ကုန်းကျေးရွာမှ အဖ ဦးကုလား(ကွယ်လွန် နှင့် ဒေါ်သောင်းသောင်း တို့၏ သမီးဖြစ်သည်။
မအေးချမ်းမေသည် သူမ၏ ကြီးတော် အသက် ၅၅နှစ်အရွယ်ဒေါ်မြ၀င်း တို့နှင့် အတူ ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မယ်ပရွာအနီးရှိ
တောင်ယာစိုက်ခင်းတွင် နေ့စားအလုပ်သမအဖြစ် လုပ်ကိုင်စားသောက်
နေခဲ့ကြသည်။

တနေ့တခြားကျပ်တည်းလာသဖြင့် ထိုင်းနိုင်ငံ နကဆ၀န်မြို့ ထမင်းဆိုင် တစ်ခုတွင် အလုပ် လုပ်နေ သော အစ်မဖြစ်သူ၏ သမီး မချိုမာစမ်း အား ဆက်သွယ်လျှက် မအေးချမ်းမေ ကိုတင်ပို့ လိုက်ပါသည်။

မချိုမာစမ်း အလုပ်လုပ်နေသည့် လုပ်ငန်းရှင်အမျိုးသမီး၏ အဒေါ်တော်စပ်
သူက မအေးချမ်းမေ ကို အိမ်အကူ အလုပ်ကို ခိုင်းစေမည်ဖြစ်ပြီး တစ်လလျှင် လုပ်အားခ ဘတ်ငွေ ၂၀၀၀ ပေးမည်ဟု ဆိုကာ ခေါ်ယူ
သွားခဲ့ပါသည်။

မအေးချမ်းမေ အား ခေါ်ဆောင်လာသည့်ပွဲစားခ အဖြစ် ဘတ်ငွေ ၅၀၀၀ အား၂၀၁၂ ခုဇူလိုင်လ တွင် တစ်ကြိမ် ထုတ်ပေးပါသည်။ ထို့နောက်၂၀၁၂ ခု စက်တင် ဘာလ တွင်တစ်ကြိမ် ဘတ်ငွေ ၅၀၀၀ အား အစ်မဖြစ်သူ မချိုမာစမ်း က ထုတ်ယူ၍ ဒေါ်သောင်းသောင်း ထံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ မအေးချမ်းမေ အလုပ်လုပ်ခဲ့ရသည့် ကာလမှာ ၁၀ လတိတိကြာမြင့်ခဲ့ပြီးဖြစ်
ပါသည်။

၂၀၁၃ ခုနှစ် ဆန်းတွင် ဒေါ်သောင်းသောင်း မှာ ခန္ဓာကိုယ် အောက်ပိုင်း
သေသွားသဖြင့် အနီးကပ် ပြုစုရန်အတွက် သမီးဖြစ်သူ မအေးချမ်းမေ အား ပြန်လည်ပို့ဆောင်ပေးရန်မှာကြားပါသည်။ ထိုအခါ အလုပ်ရှင်နှင့် အနီးကပ်နေသူ ဖြစ်သော မြန်မာအလုပ်သမ တစ်ဦးဖြစ်သူ မချိုမူး က တိုင်ချင် သည့်နေရာတွင် တိုင်ကြားနိုင်ကြောင်း မခင်မာစမ်း အား ပြန်ပြော
ပါသည်။

သို့ဖြစ်၍ မချိုမာစမ်းတို့ ဇနီးမောင်နှံတို့က ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံ
ရောက်မြန်မာနိုင် ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံလာခဲ့ပါသည်။

MATအဖွဲ့ ကလည်း ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ AHTD
,မြန်မာအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း နှင့်ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့သို့ အကြောင်းကြား
ညှိနှိုင်းခဲ့သည်။

မအေးချမ်းမေ အား ကယ်ထုတ်ရန်အတွက် MAT အဖွဲ့သည် မေလ ၁၆ ရက်နေ့ညနေတွင် ဘန်ကောက်မြို့ မောက်ဘက် ကီလိုမီတာ ၂၂၀ ကျော်
တွင်ရှိသော နကဆ၀န် သို့ သွားရောက်ခဲ့ကြသည်။

နကဆ၀န်တွင် နေရာများအား စုံစမ်းပြီး တစ်ညအိပ်ကာ မေလ ၁၇ ရက်
မွန်းလွဲ ၂နာရီခန့်၌ မအေးချမ်းအား အလုပ်လုပ်နေသည့်အိမ်မှသေသခံ လူကုန်ကူးမှုရဲတပ်ဖွဲ့နှင့် ခေါ်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။ မအေးချမ်းမေ အစ်မ တို့က အမှုမဖွင့်လိုကြောင်း ပြောဆိုသဖြင့် ကလေးလုပ်အား ဘတ်ငွေ တစ်သောင်းကို ပေးချေပါသည်။

မအေးချမ်းမေ အား နကဆ၀န် ရှိ Chum Saeng တွင်ရှိသော ကလေးနှင့် မိသားစုပြုစု ပျိုးထောင် ရေးစခန်းတွင် အပ်နှံခဲ့ရပါသည်။ မအေးချမ်းမေ အား မိခင်ထံသို့ အလျှင်အမြန်ပို့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း က ဆိုပါသည်။
MATအဖွဲ့သည်၂၀၁၂ခုနှစ်တွင်လူကုန်ကူးမှု၁၉ကြိမ် ဆောင်ရွက်စဉ်အတွင်း ရောင်းစားခံထားရသည့်မြန်မာအလုပ်သမား ၂၉၂ ဦးအားကယ်တင်နိုင်ခဲ့သည်။
ယခု၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှယခု ကူညီမှု အထိ စုစုပေါင်း လူကုန်ကူးမှု ၁၉ကြိမ်ဆောင်ရွက်စဉ်အတွင်း လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားေ ပါင်း ၉၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်း MAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။

Golden Worker