18 May, 2013

ပါဂျဲရိုးနောက် အ၀ယ်လိုက်လာသည့် ကလူဂါ

ရန်ကုန်တိုင်းဒေသကြီး ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံ၊ Toyota ကုမ္ပဏီထုတ် ကျပ်သိန်း ၂၅၀ မှ သိန်း ၄၀၀ ၀န်းကျင်ရှိ ကလူဂါ (KLUGER)ကားများမှာ အရောင်းဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံက သိရှိရသည်။

... " ပါဂျဲရိုးက အခုချိန်အထိလည်း ရောင်းအားရှိနေဆဲဆိုပေမဲ့ အခုနောက်ပိုင်းဆို ၀ယ်လက် တွေ က Toyota ကုမ္ပဏီထုတ် KLUGER လိုမျိုး ကားအဆန်းတွေ မေးဝယ်လာကြတယ်။ ပါဝါ အင်ဂျင်တော့ ကွာတာပေါ့။"ဟု YOYARLAY ကားအရောင်းစင်တာမှ မန်နေဂျာကပြောသည်။

အဆိုပါ ကားသည်ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီထုတ် Pajero ကားများထက် ဈေးနှုန်း သက်သာ ခြင်း၊ ဆီစားသက်သာခြင်းနှင့် ကားအတွင်းပိုင်း ကျယ်ပြန့်ကြောင်း ၄င်းက ဆက်ပြောသည်။

Shwe Myitmakha Media Group