29 May, 2013

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖွဲ့၏ ရုံးခန်းဖွင့်လှစ်

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအဖွဲ့၏ရုံးခန်းဖွင့်ပွဲအခမ်းအနားကိုမေလ(၂၇)ရက်နေ့၊နံနက်
(၈)နာရီကပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနမ့်ဆန်မြို့၊မင်္ဂလာရပ်ကွက်၊အိမ်အမှတ်(က)၊(၁၁၃)တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။ထိုအခမ်းအနားကိုပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊မြန်မာနိုင်ငံလက်ဖက်ကုန်သည်ကြီးများအသင်း၊စက်ရုံလုပ်ငန်းရှင်ကြီးများ
အသင်း၊အသေးစား၊အလတ်စားလုပ်ငန်းရှင်များအသင်းနှင့်ဒေသခံပြည်သူ(၂၀၀)ခန့်တက်ရောက်ခဲ့
ကြောင်းသိရသည်။လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ကိုမတ်လကစတင်ဖွဲ့စည်းခဲ့ပြီး
အဖွဲ့အစည်းသည် လက်ဖက်အရည်အသွေး မြင့်တက်ရန်၊ပြည်ပမှတရား
မဝင်တင်သွင်းသောလက်ဖက်ဈေးကွက်ကိုယှဉ်ပြိုင်နိုင်ရန်၊လက်ဖက်
စိုက်တောင်သူများ၏ လူနေမှုဘဝမြင့်တက်စေရန်၊ပြည်ပမှ နည်းပညာအကူ
အညီရရှိနိုင်ရေး၊လက်ဖက်ကုန်ကြမ်းအရည်အသွေးမြှင့်တင်စေရေးနှင့်
လက်ဖက်ဈေးကွက်ပိုမိုရရှိရေးအစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း
ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

SkyNet TV