အမေရိကန်
ပြည်ထောင်စု ဂျော်ဂျီယာ ပြည်နယ် အတွင်းရှိ မိုးဟောက်စ် ကောလိပ်တွင် သားအဖ
နှစ်ဦးသည် မေ ၁၉ ရက်က တစ်ပြိုင်နက်တည်း ဘွဲ့အတူ ရရှိခဲ့ကြ သည်ဟု အင်တာနက်
သတင်း တစ်ပုဒ်အရ သိရသည်။
သားအဖ နှစ်ဦးအနက် ဖခင်ဖြစ်သူ
ဒိုရီယန်ဂျွိုင်နာ ဆီနီယာမှာ အသက် ၄၆ နှစ် ရှိပြီဖြစ်ပြီး သားဖြစ်သူ
ဒိုရီယန် ဂျွိုင်နာ ဂျူနီယာမှာ အသက် ၂၃ နှစ်ရှိ...ကြောင်း သိရသည်။
ဖခင် ဖြစ်သူမှာ ၁၉၈၈ ခုနှစ်တွင် မိုးဟောက်စ် ကောလိပ်၌ ကျောင်းသားတစ်ဦး
ဖြစ်ခဲ့ပြီး ကျောင်းမပြီးဆုံးခင် လုပ်ငန်းခွင် ထဲသို့ ၀င်ရောက်ခဲ့ကာ
ကွန်ပျူတာ များဖြင့် အသက် မွေး ၀မ်းကျောင်း ပြုလုပ်ခဲ့သည့် အပြင်
သတင်းအချက် အလက်နှင့် ဘဏ္ဍာရေး ဆိုင်ရာ ထိပ်တန်းခွဲခြမ်း လေ့လာသူ တစ်ဦးလည်း
ဖြစ်သည်ဟု သိရသည်။
ဖခင် ဖြစ်သူသည် ၂၀၁၀ ပြည့်နှစ်တွင် ၎င်း၏
မပြီးဆုံး သေးသော ပညာရေးကို အဆုံးသတ်ရန် အတွက် မိုးဟောက်စ် ကောလိပ်သို့
ပြန်လည် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် သာမန် လူတစ်ဦး လုပ်ဆောင်ရန်
ခက်ခဲသည့် ကိစ္စကို လုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် ဖခင်အတွက် မိမိ အနေဖြင့်
အလွန် ဂုဏ်ယူကြောင်း သားဖြစ်သူက ပြောကြားခဲ့သည်။
မြ၀တီ
