31 May, 2013

အာဖဂန်အရပ်သား(၁၆)ဦးကို သတ်ခဲ့သော အမေရိကန်တပ်ကြပ်ကြီးက လူသတ်မှုကိုဝန်ခံ....

အာဖဂန်နစ္စတန်နိုင်ငံတွင် (၂၀၁၂)ခုနှစ် မတ်လ(၁၁)ရက်နေ့က အာဖဂန်အရပ်သား(၁၆)ဦးကို သတ်ခဲ့သည့် အမေရိကန်တပ်ကြပ်ကြီး ရောဘတ်ဘေးလ်စ်က သေဒဏ်ရှောင်ရှားနိုင်ရန် မေလ(၂၉)ရက်က လူသတ်မှုကို ၀န်ခံခဲ့ကြောင်းသိရသည်။
မစ္စတာဘေးလ်စ်သည် ကန်ဒါဟာပြည်နယ်တွငရှိသော အမေရိကန်တပ်စခန်းအနီးရှိ ရွာ(၂)ရွာက အရပ်သားများကိုသေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။တပ်ကြပ်ကြီးရောဘတ်ဘေးလ်စ်၏
အမှုကို ဇွန်လ(၅)ရက်နေ့တွင် ကြားနာစစ်ဆေးသွားမည်ဖြစ်ကြောင်းရိုက်တာ
သတင်းတွင် ဖော်ပြထားသည်။

SkyNet TV