24 May, 2013

တစ်ရက်လျှင် ကော်ဖီတစ်ခွက်၊ ရေနွေးကြမ်း လေးခွက်သောက်လျှင် လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်

တစ်ရက်လျှင် ကော်ဖီတစ်ခွက် (သို့ ) လက်ဖက်ရည်ကြမ်း လေးခွက်သောက်လျှင် လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်မည်ဟု ဂျပန်နိုင်ငံမှ သုတေသီများ လေ့လာတွေ့ ရှိခဲ့ကြောင်း ဖော်ပြသည် ။
ဂျပန်နိုင်ငံ အမျိုသားနှလုံးရောဂါ သုတေသနဌာနမှ ဒေါက်တာ ယိရှီဟီရိုကောကုဘော ဦးဆောင်သော ပညာရှင်များက ဂျပန်နိုင်ငံရှိ အသက် ၁၆ နှစ်အထက် လူပေါင်း ၈၄၀၀၀ ဦးတို့ ၏ ကျန်းမာရေးဘဝကို ဆန်းစစ်လေ့လာရာမှ ယင်းကဲ့သို့ တွေ့ ရှိခြင်းဖြစ်ကြောင်း တိုကျိုမြို့ မှ နှလုံးရောဂါ သုတေသီတစ်ဦးက ရှင်းလင်းပြောကြားသည် ။
ဂျပန်နိုင်ငံသားများကို ၁၃ နှစ်ကျော် သုတေသနပြုပြီးနောက် ယင်းတွေ့ ရှိ
ချက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ကော်ဖီတစ်ခွက် နှင့် လက်ဖက်ရည်
ကြမ်း လေးခွက်ပူးတွဲ သောက်သုံးလျှင် အာနိသင်ပိုမိုရှိနိုင်မည်ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားသည် ။

အဆိုပါ အာနိသင်ကြောင်း လေဖြတ်နိုင်မည့် အန္တရာယ်ကို ၁၄ ရာခိုင်နှုန်း
ထက်မနည်း လျော့ကျသွားစေနိုင်ကြောင်း သိရသည် ။

Mg Mandalay