17 May, 2013

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ

အစာမစားမီ သောက်သင့်သောဆေးများ မှီဝဲမည်ဆိုလျှင်အစာမစားခင် အနည်းဆုံးမိနစ် ၃၀ ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့ လိုပါတယ်။အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျသွားတတ်လို့ပါ။)

အစာစားပြီး သောက်သင့်သောဆေးများ မှီဝဲမည်ဆိုလျှင်

အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက်ရပါမယ်။ (အကြောင်းပြချက်-တချို့ဆေးတွေက အစာမရှိဘဲ စားလိုက်ရင် အစာအိမ်ကို မအီမသာ ဖြစ်စေနိုင်ပါတယ်။ အစာရှိမှ ဝေဒနာ သက်သာသွားနိုင်လို့ပါ။)

ဆေးပတ်လည်အောင် သောက်ပါ

ဆေးအားလုံးကို ဝေဒနာ သက်သာတဲ့အထိ သတ်မှတ်ကာလ ပြည့်မီအောင် သောက်သင့်ပါတယ်။ (အကြောင်းပြချက်-သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာအတွက် ဆေးပတ်လည်တဲ့အထိ သောက်သင့်တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင်ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်းဖြစ်နိုင်ခြေ ရှိပါတယ်။ )

အားဆေး မှီဝဲမည်ဆိုလျှင်

နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲသင့်ပါတယ်။

အစာမရှိဘဲ အားဆေးမသောက်ပါနဲ့။ (အကြောင်းပြချက်-ဆီးကနေ ဗီတာမင် ဘီနဲ့ စီ မြန်မြန်ထွက်ရှိသွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွားပါလိမ့်မယ်)။

BY GOOD HEALTH