22 May, 2013

လည်ချောင်းနာခြင်းနဲ့ သွားတိုက်တံ

လည်ချောင်းနာပြီးရင် သုံးနေ ကြသွားတိုက်တံကို လွှတ်ပစ်ဖို့လိုပါသလား။ အဖြေကတော့ မလိုအပ်ဘူး လို့ပဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုတာကို Texas University of Medical Branch က သုတေသီတွေ က အဖြေရှာထားပါတယ်။
သုတေသသနမှာ လေ့လာဖို့ရာ လည်ချောင်းနာခြင်းကို အဓိကဖြစ်စေတဲ့ ပိုးတွေကို ဓာတ်ခွဲခန်းမှာ အရင်ဆုံးမွေးမြူခဲ့ပါတယ်။ နောက်တော့မှ သွားတိုက်တံမှာ ပြောင်းလဲ မွေးမြူခဲ့တာ ဖြစ်ပါတယ်။ ပိုးအမည် ကတော့ Streptococcus ဖြစ်ပါတယ်။
လေ့လာမှုမှာတော့ အသက်၂ နှစ်ကနေ ၂၀အတွင်းရှိတဲ့လူငယ်နဲ့ ကလေးတွေပါဝင်စေခဲ့ပြီး ပိုးမွေးမြူ ထားတဲ့ သွားတိုက်တံတွေကို တိုက် စေခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်သူတွေဟာ လည်ချောင်းနာပြီး နှစ်ရက်
အ တွင်းမှာ စမ်းသပ်မှုကို ခံယူခဲ့ကြတာ ဖြစ်ပါတယ်။ သွားတိုက်တံတွေဟာ၊ သုံးလက်စတွေဖြစ်ပြီး ပိုးကိုမွေးမြူပြီး ထည့်သွင်းထားတာဖြစ်ပါတယ်။ သွားတိုက်တံအသစ်တွေကို အသုံးပြု ပြီး နှိုင်းယှဉ်လေ့လာခဲ့ပါသေးတယ်။ ရလဒ်များအရတော့ လည်ချောင်းနာ ခြင်းဟာ ပြန်မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးဟာခံတွင်းအတွင်းမှာသာ ပေါက် ပွားရှင်သန်နိုင်ပြီး သွားတိုက်တံတွေ မှာ ၂၄နာရီထက်ပိုပြီး အသက်မရှင်
နိုင်လို့ပဲ ဖြစ်ပါတယ်။

လေ့လာမှုခေါင်းဆောင် သုတေသီ Dr. Judith Rowen“လေ့လာမှုဟာ ဆက်လက်သုတေသနပြုနေ တာဖြစ်ပါတယ်။ ဘက်တီးရီးယား ခိုအောင်းနိုင်တဲ့အိမ်သုံးနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို လေ့လာ
နေပါတယ်။ ဒါပေမယ့် သွားတိုက်တံ တွေမှာခိုအောင်းမနေနိုင်ဘူးလို့ သက်သေပြနိုင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ယခုလေ့လာမှုကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ကလေးကျန်းမာပညာ အကယ်ဒမစ်အစည်းအရုံးရဲ့ နှစ်ပတ်လည်ညီလာခံ
မှာတင်သွင်းထားတာ ဖြစ်ပါတယ်။

ငြိမ်းအေး
Ref: ANI
Health Updates Journal