28 May, 2013

ဂျပန်နိုင်ငံမှအကူအညီပေးမည့် မိုးလေ၀သ ရေဒါ

မိုးလေ၀သရေဒါ(၃)လုံးကို ကျောက်ဖြူမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် တပ်ဆင်ရန်နှင့် တိုင်းဒေသကြီးများနှင့်ပြည်နယ်များရှိ မြို့ပေါင်း(၃၀)တွင်အလိုအလျောက် မိုးလေ၀သတိုင်းကိရိယာများ တပ်ဆင်ရန် အမေရိကန်ဒေါ်လာ(၃၄)သန်းခန့်ဖြစ်ပါသည်။
မိုးလေ၀သရေဒါတပ်ဆင်ရန် ရွေးချယ်သတ်မှတ်သည့်နေရာများမှာ ကျောက်ဖြူမြို့တောင်ဘက် (၁၃)မိုင်အကွာ၊ မင်းပြင်တောင်တွင်ရှိသော ယခင်မိုးလေ၀သရေဒါအဆောက်အဦး(အဟောင်း) တည်ရှိ ရာနေရာ၊ ရန်ကုန်မြို့တွင် ကမ္ဘာအေးဘုရားလမ်းရှိ မိုးလေ၀သနှင့်ဇလဗေဒရုံးဝင်းအတွင်း မြေနေရာနှင့် မန္တလေးမြို့တွင်ချမ်းမြသာစည်လေဆိပ်ရှိ လေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးဝင်းအတွင်း မြေနေရာ တွင်တပ်ဆင်မည်။

မိုးလေ၀သရေဒါ(၃)လုံးနှင့်အလိုအလျောက် မိုးလေ၀သတိုင်းကိရိယာ(၃၀)တို့မှ တိုင်းထွာရရှိ သော အချက်အလက်များအားဖြင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း အခြေ အနေနှင့် ရွေ့လျားရာလမ်းကြောင်းကို အချိန်နှင့်တပြေးညီကြိုတင်ထောက်လှမ်းသိရှိနိုင်ခြင်း၊ မုန်တိုင်း ကျရောက်စဉ် လေတိုက်နှုန်းကိုတိကျစွာတိုင်းထွာခြင်း၊ ကမ်းခြေသို့တက်ရောက်နိုင်သည့် မုန်တိုင်းဒီရေအမြင့်ကို ခန့်မှန်း၍ကြိုတင်သတိပေးနိုင်ခြင်း၊ မိုးရွာသွန်းနိုင်သည့်ပမာဏကို ကိန်းဂဏန်း အားဖြင့် ခန့်မှန်းတွက်ချက်နိုင်သဖြင့် လျှပ်တပြက်ရေကြီးမှုကိုကြိုတင်သတိပေးနိုင်ခြင်း၊ အပြောင်းအလဲ မြန်ဆန်သည့် မိုးလေ၀သအခြေအနေကိုနာရီဝက်မှတစ်နာရီကြိုတင်၍ ခန့်မှန်းချက် ထုတ်ပြန်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။

thetransportnews