23 May, 2013

မြောက်ကိုးရီးယားက စစ်တပ် အရာရှိတွေ တရုတ်နိုင်ငံကိုပို့ဆောင်

တရုတ်နိုင်ငံ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်နိုင်ဖို့ မြောက်ကိုးရီးယားနိုင်ငံ အစိုးရကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို မြောက်ကိုးရိးယားခေါင်းဆောင်က ပို့ဆောင်လိုက်ပါတယ်။
မြောက်ကိုးရီးယားနဲ့ တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေး မပြေလည်မှုတွေ ရှိလာပြီးနောက် မြောက်ကိုးရီးယားနိုင်ငံ စစ်တပ်ရဲ့ ထိပ်တန်းအရာရှိ Choe Ryong-hae က ဦးဆောင်ပြီး တရုတ်အစိုးရနဲ့ တွေ့ဆုံမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုးရီးယားနိုင်ငံအတွက် အဓိကအကျဆုံး မဟာမိတ်နိုင်ငံဖြစ်ခဲ့ပေမယ့် မကြာသေးခင်ကပဲ မြောက်ကိုးရီးယားနိုင်ငံ
က နျူးကလီးယားစမ်းသပ်ပစ်လွှတ်မှုတွေ လုပ်ပြီးနောက် တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပြီး ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ခဲ့ပါတယ်။

ကိုးရီးယားကျွန်းဆွယ် အခြေအနေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အမြင်ဖလှယ်တဲ့အနေနဲ့ မြောက်ကိုးရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့က လာရောက် လည်ပတ်နေတာလို့ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကိုးရီးယားကျွန်းဆွယ်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ရှိတာကို အမြဲတမ်းလိုလားနေပြီး မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ နျူကလီး
ယားလက်နက် စွန့်ပစ်တာကို တရုတ်အစိုးရက လိုလားတဲ့အကြောင်း
နဲ့ သက်ဆိုင်ရာ အဖွဲ့တွေ၊ နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီး အဖြေရှာတာကို တရုတ်အစိုးရက လိုလားကြောင်းလည်း တရုတ်နိုင်ငံခြား
ရေးရာ အရာရှိ Hong Lei က ပြောလိုက်ပါတယ်။

ABC Radio Australia