10 May, 2013

“ဖာဂူဆန် အနားယူသွားခြင်းအပေါ် ယာယာတိုရေး သုံးသပ်”

မန်ချက်စတာစီးတီး ကွင်းလယ် ကစားသမား ယာယာတိုရေးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းတွင် သက်တော်ရှည် မန်နေဂျာကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခြင်းကြောင့် အင်္ဂလန် ဘောလုံးလောကတွင် ဩဇာသက်ရောက်မှု အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

မန်ယူအသင်းတွင် ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် (၂၆)နှစ်ကျော် သက်တမ်းအတွင်း အင်္ဂလန် ဘောလုံးလောက၏ အောင်...မြင်မှု အကြီးမားဆုံး အသင်းအဖြစ် ရပ်တည်နိုင်အောင် စွမ်းဆောင်လာနိုင်ခဲ့သည်။
သို့သော်လည်း ဖာဂူဆန် အနားယူကာ ဒေးဗစ်မိုယက်စ်က ၎င်းနေရာ ဆက်ခံချိန်တွင်မူ မန်စီးတီး၏ ခေတ်သစ်တစ်ခု ရောက်ရှိလာရန် အခွင့်အရေး ဖြစ်လာမည်ဟု အိုင်ဗရီကို့စ် လက်ရွေးစင်က ယုံကြည်လျှက် ရှိသည်။