ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါသည် ညာဘက်တင်ပါး ထိခိုက်ဒဏ်ရာကြောင့်
လအနည်းငယ်ကြာ အနားယူခဲ့ ရပြီးနောက် သူမ၏ မိတ်ဆွေတစ်ဦး ဖြစ်သူ Jazz ဂီတ
အဆိုရှင် ဘရိုင်ယန် နယူးမန်း၏ မေ ၁၆
ရက်ညက ပြုလုပ်သော ဖျော်ဖြေပွဲ၌ ပရိသတ်
ရှေ့မှောက်သို့ ပြန်လည်ထွက်ပေါ် လာခဲ့ကြောင်း သိရသည်။ ဘရိုင်ယန် နယူးမန်း၏
ဖျော်ဖြေပွဲကို Gramery Par ဟိုတယ်ရှိ ရို့စ်ဘားတွင် ပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီး အဆိုပါ ဖျော်ဖြေပွဲသို့ လေဒီဂါဂါ ရောက်ရှိ လာခြင်းသည် ဖျော်ဖြေပွဲ
လာရောက်သူ ပရိသတ် များကို အံ့အား သင့်စေခဲ့သည်။နယူးမန်းနှင့် လေဒီဂါဂါတို့ နှစ်ဦးသည် နှစ်ပေါင်း ကြာရှည်စွာ လက်တွဲ
လာခဲ့သော ဂီတ မောင်နှမများ ဖြစ်ပြီး နယူးယောက်မြို့ ပလာဇာ ဟိုတယ်ရှိ The
Oak ခန်းမ၌ ဖျော်ဖြေပွဲ အတူ ကျင်းပခဲ့ ဖူးကြောင်း သိရသည်။ လေဒီဂါဂါသည် သူမ၏
တင်ပါး ခွဲစိတ်မှုကို ဖေဖော်ဝါရီတွင် ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် သူမ၏
Born This Way ကမ္ဘာလှည့် ဂီတ ဖျော်ဖြေပွဲ၏ ကျန်ရှိနေသည့် ပွဲများကိုလည်း
ဖျက်သိမ်း ခဲ့ရသည်။ ယခုနှစ် နှောင်းပိုင်းတွင် သူမ၏ စတုတ္ထမြောက် Artpop
တေးအယ်လ်ဘမ်ကို ဖြန့်ချိသွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
Credit:
ရွှေကူ/ Myawady