20 May, 2013

အိုးဝေ... အိုး .. ဆီးဂိမ်း လှုံ့ဆော်သီချင်းနှင့် သျှီ

ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ ဆီးဂိမ်း လှုံ့ဆော်ရေးဖျော်ဖြေပွဲ(ပထမနေ့)မှာ တေးသံရှင်သျှီ သီဆိုတဲ့ အိုးဝေ .. အိုး ဆိုတဲ့ သီချင်းလေးဟာ မြူးကြွသွက်လက်တဲ့ သံစဉ် တွေနဲ့ ပရိသတ် စိတ်ဝင်စားစရာ အကောင်ဆုံး ဖြစ်ခဲ့ပါတယ်.. အဲဒီသီချင်းနဲ့ ပတ်သက်ပြီး သျှီက ...အိုးဝေ..အိုး ဆိုတဲ့ အသံလေးကတော့ အိုးဝေဆိုတာ မြန်မာတွေ နှစ်သက်
တဲ့ ဒေါင်းတွေရဲ့ အသံလေးပေါ့.. နောက်ဘောလုံးပွဲတွေအားကစားပွဲတွေမှာ
အားပေးတဲ့ အသံမျိုးပါပဲ.. ချီးယားလုပ်သလိုမျိုးပေါ့..

တက်ကြွစေမယ့်အသံကို ကိုယ်စားပြုတယ်လို့ထင်တယ်..ကိုယ့်အထင်ပြော
တာပေါ့...တေးရေးဆရာကတော့ ပိုပြည့်စုံအောင် ပြောနိုင်ပါလိမ့်မယ်လို့
ပြောပြပါတယ် .. ဒီသီချင်းကိုဆီးဂိမ်းလှုံဆော်ရေး စီးရီးမှာ ထည့်သွင်း ထားခဲ့ပါတယ်.. တေးရေးကတော့ ရွှေဂျော်ဂျော်ဖြစ်ပြီး .. Life & Dance က တွဲဖက်ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်...

Sunday Journal