28 May, 2013

အရက်နာမကျအောင် အရက်သောက်နည်းများ

အရက်နာမကျအောင် အရက်သောက်နည်းများ- အရက်သောက် ရမယ့်နေရာ သွားဖို့ ရှိနေရင် တစ်ခုခုကို စားထား ပါ။ အဆီပါတဲ့ အစားအစာဆို ပို ကောင်း ပါတယ်။ အဆီတွေက အူနံရံ မှာ အမြှေးပါးကို ဖုံးအုပ် ပေးထားတဲ့အတွက် အရက်စုပ် ယူရရှိမှုကို နှေး ကွေး စေတယ်။ ဒါက နောက်နေ့မှာ အရက်နာကျခြင်း အခွင့်အလမ်း နည်းစေ တယ်။
- အရက်ပြင်းကို သောက်မယ်ဆို ရင် Bourbon ရမ် ဒါမှမဟုတ် ကော့ ညှက် (Bourbon) ထက် ဗိုကာ (cognac) အရက်ကို ဦးစားပေးပါ။ ဝိုင်နီထက် ဝိုင်ဖြူကို ဦးစား ပေးပါ။ ဗိုကာမှာ နောက်နေ့ နံနက်မှာ ပျို့စေ တဲ့၊ ခေါင်းကိုက်စေတဲ့ အရာများ (Congers) မပါဝင်ဘူး။ ဝိုင်ဖြူက ဝိုင်နီထက် Congeners များပါဝင်မှု ပိုနည်းတယ်။

- အချိန်ဆွဲ သောက်ပါ။ သင့်ခန္ဓာကိုယ်က တစ်နာရီမှာ အရက်တစ် အောင်
စလောက် နှုန်းနှင့် လောင်ကျွမ်း စေတာ ဖြစ်တယ်။ အရက်ကို လောင် ကျွမ်းစေဖို့ အချိန်ပိုရလေ အရက်ဦးနှောက်ထဲ ရောက်ရှိမှု ပိုနည်းလေပဲ။

- အရက်နှင့် ဆိုဒါ၊ သစ်သီးဖျော်ရည် ဒါမှမဟုတ် အရက်မဟုတ်တဲ့ အခြားအချိုရည်ကို တစ်လှည့်စီ သောက်ပါ။

- ရှန်ပိန် ဒါမှမဟုတ် အခြားအရက် တွေထဲမှာ ပူပေါင်းများ ပါဝင်ခြင်း (ပမာ အားဖြင့် ရမ်နှင့် coke )ကို ရှောင်ပါ။ ပူပေါင်းက သွေးကြောများထဲသို့ အရက်ပိုမြန်မြန် ရောက်စေတယ်။

Health Digest