21 May, 2013

ကချင်ငြိမ်းချမ်းရေးအတွက် ထူးကုမ္ပဏီမှ လှူဒါန်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက်ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ပစ္စည်းများအား ထူးကုမ္ပဏီမှ လှူဒါန်းခဲ့သည်။
လှူဒါန်းသည့် ပစ္စည်းအချို့မှာ လေအေးပေးစက်၊မျက်နှာကျက်နှင့် လျှပ်စစ်မီးများဖြစ်သည်ဟု ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Myit Makha Mediagroup

ကချင်ပြည်နယ်ဒေသဖွင့်ဖြိုးရေးအတွက် ထူးကုမ္ပဏီမှ လှူဒါန်းနေစဉ်။