27 May, 2013

မော်လမြိုင်သံလွင်ဥယျာဉ်တွင် အဆင်မြင့်ဈေးဝယ်စင်တာဆောက်လုပ်ရန် ထိုင်းကုမ္ပဏီမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ

မော်လမြိုင်မြို့ရှိ ဧက(၇၀)ကျော်ကျယ်ဝန်းသော သံလွင်ဥယျာဉ် တွင် အဆင်မြင့်ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ကလေးကစားကွင်း များဆောက် လုပ်ရန်အတွက် ထိုင်းနိုင်ငံရှိ IMAC Company မှ မွန်ပြည်နယ် အစိုးရထံသို့ လာရောက်တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ်တွင် အဆင်မြင့်ဈေးဝယ်စင်တာ တည်ဆောက်နိုင်ရန်အတွက် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က လွန်ခဲ့ သောနှစ်လခန့်တင်ဒါခေါ်ယူခဲ့ပြီး ရန်ကုန်မြို့မှ ကုမ္ပဏီကြီးများ မှ ဆောက်လုပ်ခွင့်အတွက် လာရောက်လျှောက်ထားခဲ့ကြောင်းသိရသည်။
အဆိုပါထိုင်းနိုင်ငံမှ IMAC Company သည် သံလွင်ဥယျာဉ်တွင် သာမက မော်လမြိုင်လေယာဉ်ကွင်းအဆင်မြှင်တင်ခြင်းနှင့် မော်လမြိုင်ဂေါက်ကွင်းများတွင် အဆင်မြင့်ဟိုတယ်များဆောက်လုပ်ခွင့်ကိုပါ တင်ပြခဲ့ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းများဆောက်လုပ်မှုကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ ခွင့်ပြုချက်ရလျှင်ရခြင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

“ကျွန်တော်တို့ကတော့ ထောက်ခံတယ်၊ ကန့်ကွန်တယ်ထက် စာရင် ကိုယ့်မြို့သားတွေရဲ့ အကျိုးစီးပွားကို ပိုကြည့်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လိုရမလဲပေါ့။ နောက်ပြီး ရန်ကုန်ကကုမ္ပဏီကြီးတွေ လည်းလာတင်ပြတယ်လို့ကြားတယ်။ ဘာပဲဖြစ်ဖြစ် အများပြည်သူနားနေရာ ပန်းဥယျာဉ်လိုမျိုးတွေလည်း လုပ်သင့်တယ်ထင်တယ်”ဟု မော်လမြိုင်မြို့ခံ တစ်ဦးက ပြောကြားခဲ့သည်။

Than Lwin Times