18 May, 2013

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ

ဘာစီလိုနာ အသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့် အဲလက်စ်ဆောင်းတို့သည် အသင်း လာလီဂါ ချန်ပီယံဆုနှင့် အတူ ပရိသတ်များ ရှေ့မှောက် မြို့တွင်း လှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။
ယင်းမြင်ကွင်းကြောင့် ဘာစီလိုနာ အသင်းမှာ ပရိသတ်များ ရှေ့မှောက်တွင် အရှက်ရစေခဲ့သည်။ အဆိုပါ မြင်
ကွင်းကို ဓါတ်ပုံမှတ်တမ်းများက ဖော်ပြရာတွင် ပီကေးနှင့် အဲလက်စ်ဆောင်းတို့မှာ တစ်ဦးနှင့် တစ်ဦး ကျီစားရာမှ စတင်ကာ အချင်းများခဲ့ကြပြီး အသင်းခေါင်းဆောင် ပူယိုးလ်နှင့် ဂိုးသမား ဗဲလ်ဒက်စ်တို့ကပင် မနည်း ဖျန်ဖြေခဲ့ရကြောင်း သိရသည်။ နောက်ထပ် ရုပ်သံပြကွက်များ အရ ဘာစီလိုနာ အသင်းမှ ကစားသမားများမှ ချန်ပီယံ အောင်ပွဲခံနေစဉ် ဘတ်စ်ကားပေါ်တွင် အရက်မူးနေကြဟန် ရှိပြီး ရဲများမှာ လမ်းမများမှာ ပုလင်းခွံများကို လိုက်ကောက်နေရခဲ့ကြောင်း ပါရှိလာခဲ့သည်။
ဘာစီလိုနာ အသင်းသည် အသင်းနှစ်ပတ်လည် ညစာစားပွဲကို လွန်ခဲ့သည့် ညက ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် အဲလက်စ်ဆောင်းမှ လွဲ၍ အသင်းမှ ကစားသမားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အဲလက်စ်ဆောင်းသည် ယခုရာသီ သြဂုတ်လတွင် ဘာစီလိုနာသို့ အာဆင်နယ်မှ ရောက်လာခဲ့ပြီးနောက် အသင်းအတွက် ၁၉ ပွဲ ပါဝင် ကစားခဲ့သူ ဖြစ်သော်လည်း အသင်းတွင် ဇာဗီ ၊ ဘတ်စ်ကွတ်နှင့် ဖာဘရီဂတ်စ် စသည့် ကွင်းလယ်လူများ ရှိနေ၍ ရုန်းကန်နေခဲ့သည်။


http://www.yatanarpon.com.mm/sports/