20 May, 2013

သန်း ၆၀၀ နီးပါ ဆုကြီး ဆုလက်မှတ် တစောင်တည်းက ရရှိ

အမေရိကန် ပြည်ထောင်စု က US Powerball ထီရဲ့ ဒေါ်လာ သန်း ၆၀ဝ နီးပါး တန် ဆုကြီးကို ဆုလက်မှတ် တစောင်တည်းကနေ ပေါက်သွားပါတယ်။
 ဒီလက်မှတ်ကို ဖလောရီဒါ ပြည်နယ်မှာ ရောင်းချထားတာ ဖြစ်တယ်လို့ ထီဌာနက ပြောပါတယ်။

အခု ဆုကြီး မထွက်ခင် တုန်းက လူပေါင်း မြောက်များစွာဟာ ဒီဆုကြီးကို
မျှော်လင့်ပြီးတော့ ဈေးဆိုင်တွေနဲ့ ဓာတ်ဆီဆိုင်တွေမှာ တန်းစီပြီး ထီထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ပေါက်ဂဏန်းတွေကတော့ ၁၀ ၁၃ ၁၄ ၂၂ ၅၂ နဲ့ powerball နံပါတ် ၁၁ ဖြစ်ပါတယ်။

အမေရိကန် ထီ သမိုင်းမှာ အကြီးဆုံး ဆုကြီးကတော့ ပြီးခဲ့တဲ့နှစ်က
ပေါက်သွားတဲ့ ဒေါ်လာ သန်း ၆၅၆ တန် ဆုကြီးဖြစ်ပါတယ်။ အဲဒီဆု အတွက် ကတော့ ထီပေါက်သူ အတော်များ တာကြောင့် ခွဲယူခဲ့ကြတာဖြစ်ပါတယ်။
BBC